သေဆုံးပြီဟု မိဘများယူဆထားတဲ့ ကိုမန်ဆွင်းခိုင်လွှတ်မြောက်

သေဆုံးပြီဟု မိဘများယူဆထားတဲ့ ကိုမန်ဆွင်းခိုင်လွှတ်မြောက်

ရန်ကုန်မြို့ မြောက်ဉက္ကလာမှာ စစ်တပ်ရဲ့ပစ်ခတ်မူ့ကြောင့် ပေါင်သေနတ်ကျည်ဆံ ဒဏ်ရာနဲ့စစ်တပ်ကဖမ်းသွားပြီးနောက် သေဆုံးသွားပြီလို့ မိဘတွေကယူဆပြီးသားဖြစ်တဲ့ Ko Mang Suan Khai ဟာမသေပဲ ကျန်းကျန်းမာမာနဲ့ ယနေ့ မတ်လ၂၄ မနက်၁၁နာရီဝန်းကျင်မှာ အိမ်ပြန်ရောက်လာကြောင်း သူ့ဖခင်ဆီက သိရပါတယ်။

ကိုမန်ဆွင်းခိုင်ရဲ့ဖခင်က "ဒီမနက် ၁၁ နာရီလောက်မှာအိမ်ကို သူပြန်ရောက်လာတယ်။ အရမ်း၀မ်းသာတယ်ဗျာ၊ ကျနော်တို့လည်း သူအပစ်ခံအဖမ်းခံရပြီးနောက် ပြည်သူ့ေဆးရုံနဲ့ရဲစခန်းတွေမှာ လိုက်ရှာတာမတွေ့တာရယ်၊ သူသေပြီဆိုပြီး ကိုယ်တိုင်မမြင်ရပဲ သူများလာပြောတာကို ယုံမိတာကြောင့်ပါ၊ သူစစ်ဆေးရုံရောက်နေတာ ထောင်ဆေးရုံရောက်နေတာ မသိလိုက်ဘူး၊ အဲ့နေရာတွေက စုံစမ်းရခက်လို့လေ၊ သူအပါအ၀င် လူ၇၀၀လောက်ကို ဒီမနက်အင်းစိန်ထောင်ကနေ လွတ်ပေးလိုက်တယ်လို့ သိရပါတယ် ၊သူ့ပေါင်ကဒဏ်ရာလည်း အသားနုတွေတက်လာပြီ ကျန်းကျန်းမာမာပါပဲ" လို့ ကိုမန်ဆွင်းခိုင်ရဲ့ဖခင်ကပြောပါတယ်။

ကို Mang Suan Khai အား မိဘများကသေဆုံးပြီယူဆပြီး မတ်လ ၇ရက်နေ့မှာခရစ်ယာန် ထုံတမ်းစဉ်လာဖြင့် ဆုတောင်း သဂြုလ်ခဲ့ကြပါတယ်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...