တောင်ကြီးမြို့ အမျိုးသားတဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး

တောင်ကြီးမြို့ အမျိုးသားတဦးကို စစ်ကောင်စီ တပ်ဖွဲ့ က ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတဦး ကို အကြမ်းဖက် စစ်ကောင်စီ က ယနေ့ (မတ် ၂၄)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် ဖမ်ဆီးသွားကြောင်း စုံစမ်းသိရသည်။

အဆိုပါဖမ်းဆီးခံရသည့် အမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိ ဦးကျော်သူဖြစ်ပြီး၊ ထိုသူကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ က နေအိမ်ထဲထိ လိုက်လံရှာဖွေပြီး ဖမ်းဆီးသွားကြောင်း သိရသည်။

” ယနေ့ ၁နာရီ၅၂မိနစ်လောက်မှာ စစ်သားနဲ့ရဲ တွေက အိမ်ထဲဝင်စစ်ချင်လို့ တံခါးဖွင့်ခိုင်းတယ်။ မဖွင့်ပေးရင် အုတ်တံတိုင်းကျော်ပြီး ဝင်လာမယ်ပြောလို့ ဖွင့်ပေးလိုက်ရတယ်။ တံခါးဖွင့်ပေးတော့အိမ်မှာယောကျာ်းလေး ဘယ်နှယောက်ရှိလဲမေးတယ်ဗျ”ဟု မျက်မြင်တွေ့ရှိသူတဦး ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ က ဦးကျော်သူကို စစ်ဆေးရန်ရှိသည်ဟု အကြောင်းပြချက်ဖြင့် ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူကပြောသည်။

” ကျနော်ရဲ့ ဦးလေးက နိုင်ငံရေးနဲ့လည်း ဘာမှ မပတ်သတ်ဘူး။ စစ်မေးဖို့လိုတယ် ခဏလိုက်ခဲ့ဆိုပြီး သူတို့က ခေါ်သွားတယ်။ စစ်အင်းအားလဲများတယ် ၃၀ ကျော်လောက်ရှိတယ်” ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးတော်စပ်သူ က ပြောသည်။

ယနေ့ (မတ် ၂၄)ရက်တွင် မြန်မာတဝှမ်းနည်းတူ သျှမ်းပြည်တောင်ပိုင်းတောင်ကြီးတွင်လည်း အသဲတိတ် သပိတ် (Silent Strike)အနေဖြင့် ဈေးများ၊ ကုန်တိုက်များ၊ စားသောက်ဆိုင်များ ပိတ်ကာ အပြင်မထွက်ဘဲ နေအိမ်တွင်နေထိုင်ကာ ဆန္ဒပြနေကြသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...