မိုင်းပန်မြို့နယ် ပြည်သူနေအိမ်တချို့ စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်း

မိုင်းပန်မြို့နယ် ပြည်သူနေအိမ်တချို့ စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်း

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ် ၃ မိုင်အကွာရှိ ဝိုးလိုင်း ကျေးရွာတွင် နေထိုင်သည့် ပြည်သူနေအိမ်တချို့ ကို စစ်တပ်မှ အတင်းအဓမ္မပြောင်းရွှေ့ခိုင်းကြောင်း သတင်းရရှိသည်။

မိုင်းပန်မြို့နယ် ၃ မိုင်အကွာရှိ ဝိုးလိုင်းကျေးရွာရှိ နေအိမ် တချို့ကို မတ် (၁၄)ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း အမှတ်(၁၇) က စစ်တပ်ပိုင်နယ်မြေဖြစ်သည့်အတွက် အမြန်ဆုံးပြောင်းရွှေ့ပေးရန် အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းကြောင်း မိုင်းပန်ဒေသခံ ပြည်သူများပြောပြချက် အရသိရသည်။

“ တပ်နယ်မြေဆိုပြီးတော့ပြောင်းရွေ့ခိုင်းနေတာ။ သူတို့ပြောတာ ကျနော်တို့ ပြည်သူတွေက တပ်နယ်မြေကို ကျော်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပြောင်းခိုင်းတာပါ။ ဒီနေရာက ကျနော်တို့ လုပ်ကိုင်စားသောက်နေတာ နှစ်ပေါင်းများစွာရှိပါပြီ” မိုင်းပန်ဒေသခံ အမျိုးသား တဦးက ပြောသည်။

မိုင်းပန် စကခ -၁၇ မှ ၃မိုင် ဝိုးလိုင်း ကျေးရွာသည် တပ်မြေပေါ်တွင် တည်ရှိနေသည် ဟု အကြောင်းပြပြီး ကျေးရွာ ပြည်သူများကို လက်မှတ်ရေးထိုးခိုင်းသော်လည်း ပြည်သူများက လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးပေးခြင်း မရှိသေးကြောင်း သိရသည်။

“ ဒီကျေးရွာက ရှိလာတာကြာပြီ။ သူတို့စခန်းလာမချကတည်းက ကျနော်တို့ နေတာကျနော်တို့က။ သူတို့လာနေတာ မကြာသေးဘူး” ဟု မိုင်းပန် ဒေသခံတစ်ဦးကပြောသည်။

ထိုကျေးရွာသည် လီဆူတိုင်းရင်းသားများ နေထိုင်ပြီး မိုင်းပန်မြို့မှ မိုင်တုံသို့ သွားသည့် လမ်းပေါ်တွင် တည်ရှိပြီး ၊အိမ်ခြေ ၆၀ ကျော်သာရှိကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...