လက်ရှိဖြစ်ပွါးနေသည့် တိုက်ပွဲသည် ပြည်သူကို ထိခိုက်လာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဟု KIA ပြော

လက်ရှိဖြစ်ပွါးနေသည့် တိုက်ပွဲသည် ပြည်သူကို ထိခိုက်လာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဟု KIA ပြော

အာဏာသိမ်းစစ်တပ်နှင့် KIA တို တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ KIAအနေဖြင့် ပြည်သူများအား ထိခိုက်နစ်နာလျှင် လက်မခံနိုင်ကြောင်းထုတ်ပြန်ထားသည့်အတိုင်း အာဏာသိမ်းစစ်တပ်ကို အချက်ပြသည့်သဘောဖြစ်ကြောင်း KIAမှ ဒုတိယ ဗိုလ်မှူးကြီးတန်ဆန့်ကပြောသည်။

ဖားကန့်မြို့နယ်အတွက် တိုက်ပွဲများဖြစ်ပွါးနေသည့်အပေါ် ဒုတိယ ဗိုလ်မှူးကြီး တန်ဆန့်ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

” ဖားကန့်တွေမှာ ပြည်သူတွေကို ရဲ‌တွေသတ်ပစ်တာမျိုးတွေ၊ ဒဏ်ရာရတာတွေရှိလာတော့ သူတို့ဆက်လုပ်ရင် ကျွန်တော်တို့လည်း လုပ်မယ်ဆိုတယ် အချက်ပြတဲ့အဆင့်လောက်ပဲ လုပ်တာ။ သူတို့ဘက်က အရမ်းလွန်လာရင် ကျွန်တော်တို့လည်းသေချာ ဆန့်ကျင်သွားမယ်။ မြို့ကိုလည်း ၀င်သင့်ရင်၀င်သွားမယ်ဆိုတဲ့သဘောပဲ။ အဓိက ကတော့ ပြည်သူတွေကို မထိရင်ဘာမှမဖြစ်ဘူး။ ထိရင်တော့ ကျွန်တော်တို့ KIO/KIAအနေနဲ့ လက်မခံနိုင်ဘူးဆိုတာပါပဲ။” ဟု ၎င်းကပြောသည်။

ယနေ့ နံနက် ၆:၄၅ မိနစ်ခန့်ကလည်း ဖားကန့် မြို့နယ်၊ ကံဆီးကျေးရွာရှိ အာဏာသိမ်းစစ်တပ်ဗျူဟာကုန်းမှ KIAတပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးအား လမာဘွမ်တောင်အား ပစ်ခတ်ခဲ့သည်ဟု သိရပြီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

“ဒီမနက် (၇)နာရီထိုးဖို့ (၁၅)မိနစ်မှာ စစ်တပ်ကဗျူဟာကုန်းကနေ KIAရှိရာကို ပစ်တာ။ ထိခိုက်မှုဘာမှမရှိဘူး။ လမာဘွမ်းဆိုတဲ့တောင်ဘက်ကိုပစ်တာ။ ရွာသူ/သားတွေက လက်နက်ကြီးသံ မြည်လို့ လန့်နေကြတယ်။ “ဟု ၎င်းကပြောသည်။

စစ်အာဏာ သိမ်းပြီးနောက် ကချင်ပြည်နယ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း မြစ်ကြီးနားမှ (၂)ဦး ဖားကန့်မှ တစ်ဦး စုစုပေါင်း ပြည်သူ(၃) ဦး သေဆုံးခဲ့ပြီး မတ်လ (၁၁) ရက်နေ့မှ စတင်ကာ စစ်တပ်နှင့်KIAတပ်ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...