ဖယ်ခုံမြို့မှာ ပျောက်ဆုံးနေတဲ့ စစ်သား ၄ ယောက် သေဆုံးနေတာကို ပြန်တွေ့

ဖယ်ခုံမြို့မှာ ပျောက်ဆုံးနေတဲ့ စစ်သား ၄ ယောက် သေဆုံးနေတာကို ပြန်တွေ့

မတ် ၁၉ ရက်နေ့က ပျောက်ဆုံးသွားတဲ့ တပ်မတော်သား အရာရှိ ၂ ဦးနဲ့ စစ်သား ၂ ဦးကို မတ်လ၁၉ရက်နေ့မှာ သေဆုံးလျက်ပြန်လည်တွေ့ရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ဖော်ပြထား တာပါ။

အုပ်ချုပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မတ်လ၁၅ရက်မှာ ဖယ်ခုံမြို့ နယ်မြေခံ တပ်ဌာနချုပ်ကို သွားတာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ ဖလိုင်းတောင်ခြေကျေးရွာအနီးမှာ အဆက်အသွယ်ပြတ်တောက်သွားတာလို့ဆိုပါတယ်။

အဲ့ဒါကြောင့် မတ် ၁၆ မှာ နယ်မြေတပ် လုံခြုံရေးအဖွဲ့တွေဟာ ဖလိုင်တောင်ခြေကျေးရွာကို ရောက်ရှိလာပြီး ပျောက်ဆုံး စစ်သား ၄ ယောက်နဲ့ ပတ်သက်လို့ ရှာဖွေတာ စစ်ဆေးတာတွေ နည်းလမ်းမျိုးစုံပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး မတ်လ၁၉ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မတ်လ၁၉ရက်နေ့ နေ့လည်မှာ မီးလောင်နေတဲ့ စစ်ကားတွေကိုတွေ့ခဲ့ပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အ၀ ၅ ပေခန့်၊ အနက် ၄၀ ပေခန့်ရှိ ကျင်း ၁ ကျင်းအတွင်း လက်ပြန်ကြိုးတုပ်ထားပြီး သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး မတ်လ၂၀ရက်နေ့မှာ သံသယရှိသူ ကျေးရွာသား ၄ ဦးကို ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...