စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူ ဦးကြံအောင်ရဲ့ သင်္ဂြိုလ် မှု လူပေါင်း‌ေထာင်ချီလိုက်လံပို့ဆောင်

စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူ ဦးကြံအောင်ရဲ့ သင်္ဂြိုလ် မှု လူပေါင်း‌ေထာင်ချီလိုက်လံပို့ဆောင်

မတ်လ ၁၉ ရက်နေ့ ကယားပြည်နယ် စစ်အာဏာရှင် ဆန့်ကျင်မှုမှာ ပထမဆုံး ပြည်သူတစ်ဦး ကျဆုံးသွားခဲ့ပြီး ဒီကနေ့မှာ သင်္ဂြိုလ်မှုမှာ ပြည်သူထောင်ချီလိုက်လံ ပို့ဆောင်ခဲ့ပါတယ်။

လွိုင်ကော်မြို့၊ မိုင်းလုံး ရပ်ကွက်နေ ဦးကြံအောင်(ခ) ရှမ်းပု ကျဆုံးသွားခဲ့တာဖြစ်ပြီး သားသမီး သုံးဦး နဲ့ ဇနီးကျန်ရစ်ခဲ့ပါတယ်။

ကျဆုံးသွားသူ ဦးကြံအောင်(ခ)ရှမ်းပု ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ၂၁ ရက်နေ့မှာ လွိုင်‌‌ေကာ်မြို့၊ လေးမိုင်သုဿာန်မှာ သင်္ဂြိုလ်ခဲ့ပြီး ပြည်သူထောင်ချီ လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။

လွိုင်ကော်မှာ ပြုလုပ်တဲ့ စစ်အာဏာဆန့်ကျင် သပိတ်မှောက်မှုမှာ ရဲနဲ့ စစ်တပ်က ကျည်အစစ် အသုံးပြုဖြိုခွင်း လာခဲ့တာပါ။

မတ်လ ၁၉ ရက်နေ့ဖြိုခွင်းမှုမှာ ကျည်အစစ်ထိမှန်သူ‌နှစ်ဦး ရှိခဲ့ပြီး တစ်ဦးကျဆုံးသွားတာဖြစ်ပါတယ်။ ကျဆုံးသွားသူမှာ ဆီးခုံထိမှန်သွားသည့်အတွက် ကျဆုံးသွားခဲ့ရပါတယ်။ နောက်ထပ်ကျည်ထိမှန်သူတစ်ဦးမှာ သားဖွားဆရာမဖြစ်ပြီး ပေါင်ကိုထိမှန်ခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်မှာဆိုရင် စစ်အာဏာဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် ပြုလုပ်‌ေနလျက်ရှိ ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...