စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူ ဦးကြံအောင်ရဲ့ သင်္ဂြိုလ် မှု လူပေါင်း‌ေထာင်ချီလိုက်လံပို့ဆောင်

စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူ ဦးကြံအောင်ရဲ့ သင်္ဂြိုလ် မှု လူပေါင်း‌ေထာင်ချီလိုက်လံပို့ဆောင်

မတ်လ ၁၉ ရက်နေ့ ကယားပြည်နယ် စစ်အာဏာရှင် ဆန့်ကျင်မှုမှာ ပထမဆုံး ပြည်သူတစ်ဦး ကျဆုံးသွားခဲ့ပြီး ဒီကနေ့မှာ သင်္ဂြိုလ်မှုမှာ ပြည်သူထောင်ချီလိုက်လံ ပို့ဆောင်ခဲ့ပါတယ်။

လွိုင်ကော်မြို့၊ မိုင်းလုံး ရပ်ကွက်နေ ဦးကြံအောင်(ခ) ရှမ်းပု ကျဆုံးသွားခဲ့တာဖြစ်ပြီး သားသမီး သုံးဦး နဲ့ ဇနီးကျန်ရစ်ခဲ့ပါတယ်။

ကျဆုံးသွားသူ ဦးကြံအောင်(ခ)ရှမ်းပု ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ၂၁ ရက်နေ့မှာ လွိုင်‌‌ေကာ်မြို့၊ လေးမိုင်သုဿာန်မှာ သင်္ဂြိုလ်ခဲ့ပြီး ပြည်သူထောင်ချီ လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။

လွိုင်ကော်မှာ ပြုလုပ်တဲ့ စစ်အာဏာဆန့်ကျင် သပိတ်မှောက်မှုမှာ ရဲနဲ့ စစ်တပ်က ကျည်အစစ် အသုံးပြုဖြိုခွင်း လာခဲ့တာပါ။

မတ်လ ၁၉ ရက်နေ့ဖြိုခွင်းမှုမှာ ကျည်အစစ်ထိမှန်သူ‌နှစ်ဦး ရှိခဲ့ပြီး တစ်ဦးကျဆုံးသွားတာဖြစ်ပါတယ်။ ကျဆုံးသွားသူမှာ ဆီးခုံထိမှန်သွားသည့်အတွက် ကျဆုံးသွားခဲ့ရပါတယ်။ နောက်ထပ်ကျည်ထိမှန်သူတစ်ဦးမှာ သားဖွားဆရာမဖြစ်ပြီး ပေါင်ကိုထိမှန်ခဲ့တာဖြစ်ပါတယ်။

ကယားပြည်နယ်မှာဆိုရင် စစ်အာဏာဆန့်ကျင်ကြောင်း နေ့စဉ်ရက်ဆက် ပြုလုပ်‌ေနလျက်ရှိ ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...