ဖယ်ခုံမြို့ သပိတ်ဖြိုခွင်းခံရပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ဖယ်ခုံမြို့ သပိတ်ဖြိုခွင်းခံရပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ယနေ့ မတ်လ ၁၅ ရက်နေ့၊ ဖယ်ခုံမြို့မှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက လာရောက်ဖြိုခွင်းခဲ့ပြီး သပိတ်မှာပါဝင်တဲ့ ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဖယ်ခုံမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက အတည်ပြုပြောကြားပါတယ်။

“သူတို့လာဖြိုခွင်းတယ်။ လာဖြိုခွင်းတဲ့အတွက် ကျနော်တို့က အေးချမ်းစွာနဲ့ လူစုခွဲပေးပါ့မယ်လို့ ပြောတာကို လူစုလည်း ခွဲလိုက်ပြီ။ တချို့လူတွေက အိမ်တောင်ပြန်နေပြီ၊ အိမ်ပြန်နေတယ်ဆို အိမ်ထဲထိကို လိုက်ဆွဲတာ ဒီကောင်တွေ။ ပြီးတော့ လိုက်ဆွဲတာအပြင် လူစုခွဲနေရင်းတန်းလန်းကို ဖမ်းမှာကြောက်လို့ဆိုပြီး ဘုရားကျောင်းထဲဝင်တာကို ဘုရားကျောင်းထဲထိကို ဝင်ပြီးလာဆွဲတာ”လို့ ဖယ်ခုံမြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိဖမ်းဆီးထားသူတွေကို ဖယ်ခုံရဲ့စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သပိတ်ကော်မတီကပြောပါတယ်။

လက်ရှိဖမ်းဆီးခံထားရတဲ့ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ကယန်းပြည်သစ်ပါတီက လာရောက်ညှိနှိုင်း ပေးနေတယ်လို့ ဆိုပါတယ်။

မတ်လ ၁၂ ရက်ညကလည်း ဖယ်ခုံမြို့ ဆေးရုံဝန်ထမ်း (၃) ဦးကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အတွင်းရေးမှူးတို့နဲ့အတူ တောင်ကြီးမြို့ရှိ တောင်လေးလုံး ထောင်ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...