တောင်ကြီးမြို့ အလံနက်လွှင့်ထူပြီး ပြည်သူအချင်းချင်း အကာအကွယ်ပေးသွားမည်

တောင်ကြီးမြို့ အလံနက်လွှင့်ထူပြီး ပြည်သူအချင်းချင်း အကာအကွယ်ပေးသွားမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို ရဲ၊စစ်တပ် မှ နေ့စဉ်နဲ့အမျှ ရာဘာကျည်ဖြင့် ပစ်ခတ်မှုပြုလုပ်နေသဖြင့် Team Black X မှ တောင်ကြီးမြို့ ပေါ် အလံနက် လွှင့်ထူလိုက်ကြောင်း ကြေညာလိုက်သည်။

ယနေ့ (မတ် ၁၄)ရက် တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဆိုင်ကယ်သပိတ်စစ်ကြောင်း က လူငယ် (၄)ဦးကို ရဲ၊စစ်တပ်မှ ကားဖြင့် နောက်မှ လိုက်တိုက်ခြင်း၊ ရာဘာကျည်များဖြင့် ရက်စက်စွာ ပစ်ခတ်ခြင်းတို့ ပြုလုပ်ပြီး ဆန္ဒပြလူငယ် (၇)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း Team Black Xအဖွဲ့ က ပြောသည်။

ယနေ့ ရာဘာကျည်ထိမှန်သည့် လူငယ်(၄) ရှိပြီး၊ ရဲ၊စစ်ကား ဖြင့် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို လိုက်တိုက်မှုကြောင့် (၅)စီး တိုက်ခံရပြီး၊ လူငယ် (၇)ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့ကြောင့် တောင်ကြီးမြို့ပေါ် ကို အလံနက်လွှင့်ထပြီး ပြန်လည်ခုခံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာတဝှမ်းလုံးတွင်လည်း စစ်အာဏာကိုဆန့်ကျင်ဆန္ဒပြမှုကြောင့် ရဲ၊စစ်တပ်မှ နေ့စဉ်အကြမ်းဖက် သေနတ်ပစ်သတ်မှုရှိနေသဖြင့် လက်နက်မဲ့ ပြည်သူအချင်းချင်း အကာအကွယ်ပေးသည့်အနေဖြင့် အလံနက်ကို လွှင့်ထူလာကြသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...