အောင်ပန်း လူထုသပိတ်စစ်ကြောင်း (၁၁)ဦး ဖမ်းခံရ၊ တဦးရာဘာကျည်ထိ

အောင်ပန်း လူထုသပိတ်စစ်ကြောင်း (၁၁)ဦး ဖမ်းခံရ၊ တဦးရာဘာကျည်ထိ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၃)ရက် စစ်အာဏာ အလိုမရှိ ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းပြီး ဆန္ဒထုတ်ဖော်သူ (၁၁)ဦးကိုဖမ်းဆီးသွားပြီး၊ တဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

အောင်ပန်းမြို့ လူထု သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ်မှ ဖြိုခွင်းလာခဲ့သည်မှာ ၃ရက်ရှိလာပြီး၊ ယနေ့ (မတ် ၃)ရက်မှာ ဆန္ဒထုတ်ဖော်သူ (၁၁)ဦးကိုဖမ်းဆီးသွားကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ သပိတ်ကိုလိုက်ဖြိုနေတာ ၃ရက်တော့ရှိပြီ၊ဒီနေ့တော့ ၁၁ဦး ဖမ်းခံရတယ်။ အမျိုးသမီး ၂ဦး၊ အမျိုးသား ၉ ဦးပါ။ အမျိုးသားတဦးကတော့ ရာဘာကျည်ထိတယ်။ တောင်လေးလုံး တန်းပို့လိုက်ပြီ” ဟု ၎င်းလူငယ်က ပြောပြသည်။

အောင်ပန်းမြို့ လူထုသပိတ်စစ်ကြောင်းသည် တနေ့ထက် တနေ့ လူအင်အားများလာပြီး၊စစ်အာဏာရှင်ကို ကျဆုံးသည့်တိုင်း ဆက်လက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်သွားမည် ဟုလည်း အောင်ပန်း ပြည်သူများက ပြောသည်။

“ ကျနော်တို့ကတော့ စိတ်ဓာတ်မကျဘူး။ ကျနော်တို့ လူကိုဖမ်းရင်နောက်နေ့ ပိုပြီးထွက်မယ်။ ကျနော်တို့က ကြောက်နေရင် သူတို့က ပိုပြီးဖိမယ်” ဟု အမည်မဖော်လိုသည့် လူငယ်က ပြောသည်။

လက်ရှိမှာတော့ ရဲ၊စစ်တပ်များသည် အောင်ပန်းမြို့ကို ပတ်နေကြောင်း၊ လုံခြုံရေးအရ အခြေအနေမကောင်းသည့် အတွက် မိမိလုံခြုံရေး၊ မိမိရပ်ကွက်လုံခြုံရေးကို ကိုယ့်ဘာသာကိုယ်ဖြေရှင်းနေရကြောင်းလည်း အောင်ပန်းပြည်သူများက ပြောသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...