မြစ်ဆုံရွှေ့ပြောင်းရွာများရှိ မြစ်ကမ်းဘေးတွင် ဒေသခံ၏ ရင်ဖွင့်သံများ ထုတ်ဖော်

မြစ်ဆုံရွှေ့ပြောင်းရွာများရှိ မြစ်ကမ်းဘေးတွင် ဒေသခံ၏ ရင်ဖွင့်သံများ ထုတ်ဖော်

မြစ်ဆုံဒေသခံများမှ ယနေ့ မတ်လ ၁၄ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ ၌ မြစ်ကမ်းနံဘေးတွင် ဒေသခံများ၏ ရင်ဖွင့်သံများ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဒေသခံအယောက် တစ်ရာဝန်းကျင်ခန့်ဖြင့် မြစ်ဆုံ ရွှေ့ပြောင်းရွာများဖြစ်သည့် မလိယန် ကျေးရွာနှင့် ခမ်းဘူကျေးရွာကြား ဧရာဝတီ မြစ်ကမ်းနံဘေးတွင် နေ့လည် ၁၂ နာရီမှ နေ့လယ် ၂ နာရီအထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြစ်ဆုံဒေသခံများ အအနေဖြင့် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး၊ ဒေသခံများ၏ စိုးရိမ်မှုများနှင့် စစ်အာရှင် ကျဆုံးရေး စသည်များကို အဓိက ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြစ်ဆုံစီမံကိန်းကြီးကို ထာဝရဖျက်သိမ်းပေးရေးပေါ့နော်။ ပြီးတော့ ဒီဧရာဝတီမြစ် လွတ်လပ်စွာ စီးဆင်းရေး ဒါတွေ အဓိကပေါ့နော်။နောက်ရည်ရွယ်ချက်တစ်ခုကတော့ အခုဖြစ်နေတဲ့ ဒီစစ်အာဏာရှင်ထိန်းချုပ်ရေးမှာ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေနဲ့ ကျဆုံးရေး ေတွပေါ့နော်။ အရင်စစ်အာဏာဖြစ်တုန်းက မြစ်ဆုံကိုရောင်းစားခဲ့တယ်။ အခု နောက်တစ်ကျော့ဒီစစ်အာဏာပြန်ဖြစ်လာတယ်ဆိုတော့ မြစ်ဆုံလည်း ဘယ်လိုဖြစ်လာမလဲပေါ့။ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိတာပေါ့ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးက ပြည်သူတွေရော ဒေသခံတွေရော အားလုံးက ဒီမြစ်ဆုံစီမံကိန်းကြီးကို လုံးဝဆောက်ခွင့်မပေးဘူးဆိုတာတော့ ပြောချင်တယ်။ ဘယ်အစိုးရပဲတက်တက် လက်ခံမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ် “ဟု ၎င်းကပြောသည်။

မြစ်ဆုံစီမံကိန်းကြီးကို ထာဝရဖျက်သိမ်းရေး ၊ ဧရာဝတီမြစ်ကို ပြည်သူများပိုင်ဆိုင်ရေး ၊ ဧရာဝတီမြစ် လွတ်လပ်စွာ စီးဆင်းရေး၊ ဒေသခံများ မိမိနေရပ်တို့ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာများ ဆောက်လုပ်ခြင်းတားဆီးရေး နှင့် စစ်အာဏာရှင် ကျဆုံးရေးများစသည့် စာသားများ ကြွေးကြော်ခဲ့ကြောင်းလည်း သိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...