နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ကို ပုဒ်မ ၂ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုထား

နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ကို ပုဒ်မ ၂ ခုနဲ့ ဖမ်းဆီးတရားစွဲဆိုထား

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကို စစ်ကောင်စီက တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ ပုဒ်မ ၁၀၉ ဖြင့် ဖမ်းဆီးတရာစွဲဆိုထားတယ်လို့သိရပါတယ်။

နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဇော်ဝင်းအောင်ကို ပုဒ်မ ၅၀၅( က) အပြင် ပုဒ်မ ၁၀၉ ဖြင့်တရားစွဲပြီး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြင့်အေးနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဇော်လင်းထွန်းကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက တက္ကသိုလ်ကျောင်းဝင်းတွင်းမှာ ရောက်လာတဲ့ ရဲ၊ စစ်တပ်တွေကို ဆန္ဒပြသပိတ်ပြုလုပ်သွားတဲ့ ပြည်သူတွေကို အားပေးအားမြောက်လုပ်တယ်ဆိုပြီးတော့ မတ်လ ၁၀ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

မတ်လ ၂၄ရက်နေ့ မှာ သူတို့ကို ရုံးထုတ်မှာဖြစ်တယ်လို့သိရပါတယ်။

နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အခုလို ဖမ်းဆီးသွားတာကို ရှုတ်ချကြောင်း၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ နဲ့ ပြည်သူလူထုတွေက ဝန်းရံပေးဖို့ မတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်ကလည်း အခုလို ဖမ်းဆီးသွားတာကို ရှုတ်ချကြောင်း မတ်လ ၁၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အမည်မဖော်လိုသည့် ဆရာတစ်ဦးက

” ကျနော်တို့ ဆရာဆရာမအဖွဲ့ချုပ်အနေနဲ့ ကျနော်တို့ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဆရာမ အကြီးအကဲတွေကို ဖမ်းဆီးသလိုမျိုး ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတာမျိုးကျနော်တို့ လုံးဝလက်ခံနိုင်စရာမရှိဘူး။ သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ “

လွိုင်ကော်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ် တို့က အကြမ်းမဖက် အာဏာရှင်ဆန့်ကျင်သည့် လူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့တက္ကသိုလ် အဖြစ်ကြေညာထားပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...