အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသူများအား နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း ဗဟိုအစိုးရပြော

အိန္ဒိယနိုင်ငံသို့ ခိုလှုံလာသူများအား နေရပ်ပြန်ပို့မည်မဟုတ်ကြောင်း ဗဟိုအစိုးရပြော

ရစ်ချက် – လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံလာသူများအား မြန်မာနိုင်ငံသို့ ပြန်ပို့မည်မဟုတ်ကြောင်း အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရ Union Home Minister Amit Shah သည် မတ်လ ၁၀ ရက်နေ့က မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါနှင့် ဖုန်းဖြင့်စကားပြောဆိုခဲ့ရာ Union Home Minister က ထိုကဲ့သို့ပြောဆိုလာခဲ့ခြင်း ဖြစ်ကြောင်း မီဇိုရမ်ဒေသထုတ် ညစဉ်သတင်း Zonet တွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူကာ စစ်ကောင်စီဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံ တစ်ဝန်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒဖော်မှုဖြစ်ပွားလျှက်ရှိပြီး တက်ကြွလှုပ်ရှားသူများနှင့် CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင် များသည် လုံခြုံရေးအခြေနေကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်သို့ထွက်ပြေးခိုလှုံခဲ့ကြခြင်းဖြစ်သည်။

မီဇိုရမ်အစိုးရအနေဖြင့် မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး National Human Right Commission ထံ တင်ပြထားပြီဖြစ်ကြောင်း နှင့် ယခုလက်ရှိအခြေအနေတွင် ဒုက္ခသည် အရေအတွက်အားဖြင့် မများသေးသော်လည်း လက်ရှိအခြေအနေအရ ဒုက္ခသည်တိုးလာနိုင်သည့်အတွက် မီဇိုရမ်အစိုးရအနေဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်အောက်တွင် အလုပ်မလုပ်လိုတော့သည့်အတွက် CDM ဝင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေသော မြန်မာရဲတပ်ဖွဲ့ဝင် (၈) ဦးကို ပြန်လည်လွဲပြောင်းပေးဖို့ မီဇိုရမ်အစိုးရကို ချင်းပြည်နယ် ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က တောင်းဆိုခဲ့သည်။

May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...