ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ (၃) ဦး ၅၀၅ (က)နှင့်အမှုဖွင့်ခံရ

ဖလမ်းမြို့ ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူ (၃) ဦး ၅၀၅ (က)နှင့်အမှုဖွင့်ခံရ

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟုသိရသည်။

ဖလမ်းမြို့မှ Chinland Herald သတင်းဌာအယ်ဒီတာချူပ် ကိုငယ်ပီးက “ အစတုန်းက ရဲအချုပ်ကနေ စစ်တပ်ထဲကို ထိန်းထားတယ်၊ အခုပထမ အကြိမ် မနေ့ကရုံးထုတ်တယ်၊ တဖက်ခါဒုတိယအကြိမ်ပြန်ချိန်းထားတယ်၊ စစ်တပ်ကနေ ရဲအချုပ်ဖက်ကို ပြန်ပြောင်းလာကြပြီ၊ ရှေ့နေတွေငှားဖုုိ့ပြင်ဆင်နေတယ်၊ ရှေ့နေတွေ ငှားပိုင်ခွင့်ရှိတယ်လို့ မနေ့က တရားသူကြီးကပြောလိုက်တယ်၊ ဆန္ဒပြကိစ္စကြောင့်ပါ၊ အခုသူတို့ကို ရဲစခန်းအချုပ်ထဲမှာ ထားတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖလမ်းမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့က ခရစ်ယာန်သင်းအုပ်ဆရာများ၏အကူအညီဖြင့် ဆန္ဒပြပြည်သူများအားလူစုခွဲရန်ဖြောင်းဖြကာ ဆုတောင်းခြင်းဖြင့်ငြိမ်းချမ်းစွာလူစုခွဲရန်သဘောတူခဲ့ကြပြီး လူစုခွဲမည့် နေရာမရောက်ခင်တွင် ရဲနှင့်တပ်မတော်က မျက်ရည်ယိုဗုံး ၃ ချက်ပြစ်ဖောက်ကာ လူ ၃ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည်အာမခံ ပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...