မီးသတ်ဌာနက CDM ဝင်တဲ့ ဝန်ထမ်းတွေမှာ ဒုဦးစီးမှူးအပါအဝင် ၁၇ ဦးရှိလာ

မီးသတ်ဌာနက CDM ဝင်တဲ့ ဝန်ထမ်းတွေမှာ ဒုဦးစီးမှူးအပါအဝင် ၁၇ ဦးရှိလာ

ကယားပြည်နယ်က မီးသတ်ဦးစီးဌာနရုံးဝန်ထမ်းတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်ဆိုပြီး CDM  ဝင်တဲ့ ဝန်ထမ်း ဒုဦးစီးမှူးအပါအဝင်  ၁၇ ရှိသွားပြီလို့သိရပါတယ်။

ဖရူဆိုမြို့နယ်က အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တခြား ဌာနဆိုင်ရာတွေလည်း စစ်အာဏာရှင် ဆန့်ကျင်ကြောင်း CDM  ဝင်တဲ့ ဝန်ထမ်းတွေဟာ တဖြည်းဖြည်းများပြားလာပါတယ်။

CDM  ဝင်တဲ့ဝန်ထမ်းတွေကို အလုပ်က ဟာယီရပ်နားခိုင်းတာတွေ၊ ဖုန်းနဲ့ ဖိအားပေးပြောဆိုတာတွေလည်း ရှိနေပါတယ်။

 စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ကယားပြည်နယ်က သပိတ်ကော်မတီတွေလည်း ဝန်ထမ်းတွေကို CDMမှာ ပိုမိုပါဝင်လာဖို့ တိုက်တွန်းထားပြီး  CDMပြုလုပ်တဲ့ ဝန်ထမ်းတွေရဲ့  အခက်အခဲကို ကူညီပေးနေတာလည်းရှိပါတယ်။

ကယားပြည်နယ်မှာ  CDM အများဆုံးပါဝင်တဲ့ ဌာနကတော့ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေဖြစ်ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...