ရဲဝန်ထမ်းတွေ CDMမှာ ပိုပြီး ပူးပေါင်းပါဝင်ဖို့ ရဲတပ်ဖွဲ့ရုံးရှေ့ ပြည်သူတွေ တောင်းဆိုခဲ့ကြ

ရဲဝန်ထမ်းတွေ CDMမှာ ပိုပြီး ပူးပေါင်းပါဝင်ဖို့ ရဲတပ်ဖွဲ့ရုံးရှေ့ ပြည်သူတွေ တောင်းဆိုခဲ့ကြ

ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့  လွိုင်ကော်မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင် သပိတ်မှာ ရဲဝန်ထမ်းတွေ CDM မှာ ထပ်မံပူးပေါင်းပါဝင်လာကြဖို့ ရဲတပ်ဖွဲ့ရုံးရှေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကယားပြည်နယ်မှာဆိုရင် ရဲဝန်ထမ်းတွေ CDMမှာပါဝင်မှု သုံးပုံတစ်ပုံ အထိရှိပြီး ဆက်လက်ပါဝင်ကြဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ကယားပြည်နယ်သပိတ်ကော်မတီ အဖွဲ့ဝင် ခွန်သောမတ်စ် ကတော့ “ ဒီစစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက် ဝန်ထမ်းအသီးသီးရဲ့ ပါဝင်မှုက အရေးကြီးတယ်ပေါ့လေ။ နောက်တစ်ချက်ကတော့ ဝန်ထမ်းအသီးသီးလို့ ပြောတဲ့နေရာမှာ ပြည်ထဲရေးဝန်ကြီးမှာ အဓိကရှိတဲ့ ရဲကတော့ အရေးကြီးတဲ့နေရာမှာ ပါဝင်တယ်ပေါ့ သူတို့ ပါဝင် လာခြင်း အားဖြင့် ဒီအမြစ်ပြတ်ချေမှုန်းရေးမှာ ပိုပြီးတော့ အသက်ဝင်မယ် ပိုပြီးတော့ မြန်လိမ့်မယ်လို့ ယူဆတဲ့အတွက် ဒီလိုလုပ်ရခြင်းဖြစ်ပါတယ်ပေါ့။ “

CDMမှာ ပိုပြီးပါဝင်ကြဖို့ အတွက် သက်ဆိုင်ရာရုံးဝန်ထမ်းအသီးသီးတွေ ရဲ့ရှေ့မှာလည်း လိုက်လံ တောင်းဆို ဆန္ဒထုတ်ဖော် နေတာတွေလည်းရှိပါတယ်။

CDMမှာ ပါဝင်တဲ့ရဲဝန်ထမ်းတွေကို ကယားသပိတ်ကော်မတီကနေပြီး သူတို့အတွက် လုံခြုံရေးတွေ ယူထားပေးတာဖြစ်ပါတယ်။ ကယားပြည်နယ်မှာဆိုရင် ရဲတပ်ဖွဲ့ဝင် ၂၄၀ ဦးရှိပြီး ဖေဖော်ဝါရီ (၁၀)ရက်နေ့ကစပြီး ယနေ့ချိန်ထိ ရဲဝန်ထမ်း ၇၅ဦး ပါဝင်လာတာဖြစ်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...