တက္ကသိုလ်အထူးပြု ဘွဲ့များမှတဆင့် ကွန်ပြူတာ ဒီပလိုမာဘွဲ့ ရယူနိုင်မည်

တက္ကသိုလ်အထူးပြု ဘွဲ့များမှတဆင့် ကွန်ပြူတာ ဒီပလိုမာဘွဲ့ ရယူနိုင်မည်
by -
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော် တက္ကသိုလ်မြင်ကွင်းတခု (ဓါတ်ပုံ-ကေတီ)
လွိုင်ကော် တက္ကသိုလ်မြင်ကွင်းတခု (ဓါတ်ပုံ-ကေတီ)
တက္ကသိုလ်အထူးပြုဘွဲ့များဖြစ်သော သချာင်္၊ ရူပဗေဒနှင့် စီးပွားရေး ဘာသာရပ်ဖြင့် ဘွဲ့ရထားသော ကျောင်းသူ၊ ကျောင်းသားများသည် ကွန်ပြူတာ ဒီပလိုမာဘွဲ့ထပ်မံ ရယူနိုင်တော့မည်ဖြစ်ကြောင်း လွိုင်ကော် ကွန်ပြူတာ တက္ကသိုလ်မှ တာဝန်ရှိသူ တဦးကဆိုသည်။

"Diploma of Computer Science ပေါ့ သူကျတော့ ဘာလဲဆိုရင် ကွန်ပြူတာ သိပ္ပံဘွဲ့ပုံစံပေါ့" ဟု ပြောသည်။

၎င်းဘွဲ့များရရှိထားသည့် ကျောင်းသူ/ သားများသည် ကွန်ပြူတာ စိတ်ဝင်စားပါက သင်တန်းကာလ ၈ လနှင့် project ကာလ အပါအဝင် ၁နှစ်ကျော်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုလို တက္ကသိုလ် အထူးပြုဘွဲ့များမှတဆင့် ကွန်ပြူတာ ဒီပလိုမာဘွဲ့ ရယူနိုင်သည့်အစီစဉ်များမှာ ၂၀၀၇ ခုနှစ်က ပပျောက်သွားပြီး ယခု ၂၀၁၅ တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒီပလိုမာဘွဲ့ရပြီးသည့်နောက်တွင်လည်း အရည်ချင်းပြည့်မီပါက Master (ဘွဲ့လွန်) အဆင့်သို့ တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ဇွန်လ ကုန်ပိုင်းလောက်တွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး Diploma of computer science သင်တန်းနှင့်ပါတ်သက်၍ ဖုန်းနံပါတ် ၀၈၃၂၂၁၀၆ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...
May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...