CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ထန်တလန်မြို့ ထွေအုပ်ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းရေးအဖွဲ့မှ ဆင့်ခေါ်

CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ထန်တလန်မြို့ ထွေအုပ်ဝန်ထမ်းများကို ဌာနဆိုင်ရာစုံစမ်းရေးအဖွဲ့မှ ဆင့်ခေါ်

ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဟုဆိုကာ CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ဝန်ထမ်းများကို ဌာနဆိုင်ရာ စုံစမ်းရေးအဖွဲ့ဥက္ကဌလက်မှတ်ဖြင့် ဝန်ထမ်းများ၏နာမည် တပ်ဆင်ကာစာဖြင့် ဆင့်ခေါ်ထားကြောင်း သိရသည်။

 

ထန်တလန်မြို့ထွေအုပ်ဝန်ထမ်း တစ်ဦးဖြစ်သူ တစ်ဦးက “CDM လုပ်တာက ကျတော်တို့က ပြည်သူရဲ့ လခနဲ့လစာယူတာဖြစ်တဲ့အတွက် လုပ်တာဖြစ်တယ်။ အခုရုံးကခေါ်ပေမယ့် မသွားဘူး။ CDM လုပ်တာက လူထုလခစားတာဆိုတော့ လူထုကိုလေးစားသလို ကျတော်တို့ရုံးက လူကြီးတွေကိုလည်း လေးစားတယ်။ ဒါပေမယ့် စစ်အစိုးရက အတင်းအဓမ္မအာဏာယူတာမကြိုက်တာဖြစ်သလို ပြည်သူကိုလည်း အဲဒီလက်အောက်မှာ မရောက်စေချင်ဘူး။ ဒီမိုကရေစီစနစ်အရ တက်လာတဲ့ အစိုးရပြန်ဖြစ်လာရင် အကောင်းဆုံး အလုပ်ပြန်လုပ်မယ်” ဟုပြောသည်။

ထန်တလန်မြို့နယ် ဒု - မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်တဲ့ ဦးတင်အောင်ဝင်းက “ရုံးပြန်တက်ဖို့ အမိန့်မထုတ်ထားပါဘူး။ ဒီကိစ္စက ရုံးကိစ္စဖြစ်တဲ့အတွက် တစ်မျိုးမထင်ပါနဲ့၊ ကျတော်တို့ဌာနအနေနဲ့ မှတ်ချက်မပေးလိုပါဘူး” လို့ ချင်းဝေါလ်သတင်းဌာနကို ပြောသည်။  

ထန်တလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း တစ်ဦးဖြစ်သူက “ကျတော်တို့လုပ်တာ နိုင်ငံရေးလုပ်တာလည်းမဟုတ်ဘူး။ အာဏာရှင်ကို မကြိုက်လို့ လုပ်တာဖြစ်တယ်။ ကျတော်တို့ ထွေအုပ်ကနေ CDM မှာပါတာက ၂၂ ယောက်ဖြစ်တယ်။ အထက်က ရုံးပြန်တက်ဖို့၊ ခြိမ်းခြောက်တာမျိုးလုပ်လို့ (၆) ယောက်ကတော့ ရုံးပြန်တက်တယ်။ ဌာနပေါင်းစုံက CDM မှာပါတဲ့အတွက် ဆန္ဒထုတ်ဖော်မှုမှာလည်း အားလုံးပါဝင်ကြတယ်။ ဒါပေမယ့် တစ်ခြားဌာနတွေကို ကျတော်တို့လို စာပို့တာမသိဘူး။ ကျတော်တို့ထန်တလန်က ထွေအုပ်ကိုပဲ ဆင့်ခေါ်စာလုပ်တာဖြစ်တယ်။ အခုလို ခြိမ်းခြောက်တာကြောင့် ကျတော်တို့မကျေနပ်တာဖြစ်တယ်” ဟုပြောသည်။

အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်းတစ်ဦးကလည်း “ အမှန်တော့ အကြောင်းကြား သတိပေးစာကို ပထမအဆင့်၊ ဒုတိယအဆင့် ဆိုပြီး ပေးရမှာဖြစ်တယ်။ အခုက ပထမအဆင့် စာပေးပို့တာမလုပ်ပဲ ဒုတိယပေးစာကို တန်းလုပ်တာဖြစ်တယ်” ဟုပြောသည်။

CDM လှုပ်ရှားမှုကို တစ်နိုင်ငံလုံးတွင် ပြုလုပ်လျက်ရှိပြီး အဆိုပါ လှုပ်ရှားမှုကို အာဏာရှင်စနစ်မလိုလားသည့် ပြည်သူများ/ဝန်ထမ်းများ ပူးပေါင်းပြီး နေ့စဉ်ဆန္ဒထုတ်ဖော်လျက်ရှိသည်။

 

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...