CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အခက်အခဲများရှိနေပါက သပိတ်ကော်မတီကိုဆက်သွယ်ကူညီတောင်းနိုင်

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အခက်အခဲများရှိနေပါက သပိတ်ကော်မတီကိုဆက်သွယ်ကူညီတောင်းနိုင်

စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြကြတဲ့အထဲမှာ CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ဝန်ထမ်းတစ်ချို့ကို အထက်ကတိုင်ကြားတာမျိုးတွေ၊ ရုံးပြန်တက်ခိုင်းတာတွေ၊ ဖိအားပေးပိတ်ပင်တာမျိုးတွေကြုံနေကြရတဲ့အတွက် ဝန်ထမ်းတွေစိုးရိမ်ရတဲ့အခြနေမျိုးနဲ့ ကြုံနေကြရပါတယ်။

လက်ရှိ စက်မှုကျောင်းမှာတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေတိုင်ကြားခံရလို့ ရှောင်ပြေးနေကြရတယ်လို့ ကန္တာရဝတီတိုင်း(မ်)ကို အသိပေးလာပါတယ်။

ယခုလို အခြေအနေမျိုးမှာ ဝန်ထမ်းတွေရုံးပြန်တက်မှာကိုစိုးရိမ်ရကြောင်းနှင့် အကူအညီလိုအပ်ပါက အချိန်မရွှေးဆက်သွယ်နိုင်ကြောင်း သပိတ်ကော်မတီမှ ကိုသိုက် ကပြောပါတယ်။

“ ကျနော်တို့ဖက်က ဘာလုပ်ပေးနိုင်တယ်ဆိုရင် ရုံးတော့လုံးဝပြန်မတက်ဖို့ရန်အတွက်ပြောချင်တယ်။ တစ်ကယ်လို့ ခြိမ်းခြောက်လာတယ် ဖမ်းဆီးတာတွေလုပ်မယ် အလုပ်ထုတ်တာတို့လုပ်တယ် ဥပမာလိုင်းထဲမှာမနေရဘူး မင်းတို့ထွက် အဲ့လိုတို့ဆိုရင်တော့ ကျနော်တို့ဖက်က အဲ့ဒီ CDM ကိုကူညီပေးနေတဲ့သူတစ်ချို့နဲ့ ကျနော်တို့ချိတ်ဆက်ပေးပြီးတော့ သူတို့နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ အဲ့လိုမျိုးတွေတော့ ကျနော်တို့လုပ်ပေးလို့ရတယ်ပေ့ါနော်။ သူတို့ခြိမ်းခြောက်တာကို နည်းနည်းနားမယောင်ဖို့နဲ့ မလန့်ဖို့ ရုံးပြန်မတက်မိဖို့ပဲလိုတယ်လေးနော” လို့ပြောပါတယ်။

ယခုလိုဝန်ထမ်းတွေကို မတရားခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးမှုမျိုးကို တရားဥပဒေနှင့်အညီဖြေရှင်းနိုင်ဖို့အတွက်လည်း ကူညီပေးဖို့အဆင်သင့်ရှိကြောင်း ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဦးစောခူးတလေ(ခ) ပိုးရယ် ကပြောပါတယ်။

“ ဥပဒေအပိုင်းကတော့ သူတို့တရားစွဲတာတွေ ဘာတွေရှိတယ်ဆိုရင်တော့ ရတယ်ကျနော်တို့လိုက်ပေးမယ် အဲ့အတွက်ကတော့ ကျနော်ကလိုက်ပေးမယ်။ အခုလောလောဆယ် အနေအထားမှာက ဥပဒေအရက သူတို့တရားမဆွဲခင်အချိန်ထိတော့ ကျနော်တို့ကကူပေးဖို့သိပ်အဆင်မပြေဘူး အဲ့လိုမျိုးဖြစ်နေတယ်။ တစ်ကယ်လို့သူတို့တရားစွဲလာမယ်ဆိုရင်တော့ ကျနော်တို့လိုက်ပေးဖို့အဆင်သင့်ပဲ” လို့ပြောပါတယ်။

ပြည်သူ့ဝန်ထမ်းများအနေဖြင့် အထက်မှဖိအားပေးလာတဲ့အရာများကို ကြောက်ရွံခြင်းမရှိပဲ မိမိတို့တိုက်ပွဲကိုသာ ပြည်သူများနှင့်အတူဆက်လက်ဆင်နွဲမှသာလျင် အရေးတော်ပုံအောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုကြောင့် အခက်အခဲတစ်စုံတစ်ရာ ပေါ်လာသည်ဆိုပါက သပိတ်ကော်မတီ 09-402748524 ကိုဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...