ယနေ့စတင်ကျင်းပသည့် ANP ဗဟိုကော်မတီဝင်အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် လက်ခံထားမှုကိစ္စ အဓိကဆွေးနွေးခဲ့ဟုဆို

ယနေ့စတင်ကျင်းပသည့် ANP ဗဟိုကော်မတီဝင်အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ် လက်ခံထားမှုကိစ္စ အဓိကဆွေးနွေးခဲ့ဟုဆို

ထွန်းခိုင် — ယနေ့ မြောက်ဦးမြို့တွင် စတင်ကျင်းပသည့် ရခိုင်အမျိုးသားပါတီ (ANP)၏ ဗဟိုကော်မတီဝင်များနှင့်  ရွေးကောက်ခံအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် လက်ခံထားမှုအပေါ် အဓိက ဆွေးနွေးခဲ့ကြကြောင်း  ပါတီဗဟိုကော်မတီဝင် ဦးဖေသန်းကပြောသည်။

“အဓိကတော့ ဒေါ်အေးနုစိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိစ္စပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အခု တက်ရောက်လာကြတဲ့ သူတွေက  အမြင်အမျိုးမျိုးနဲ့ ဆွေးနွေးကြတယ်။ တချို့ကလည်း သဘောတူတယ်။ တချို့ကလည်း သဘောမတူ။ ဒါပေမယ့် အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာတော့ အားလုံးက အပြု သဘောဆောင်ပြီးတော့ ဆွေးနွေးကြတယ်” ဟုပြောသည်။

ယနေ့တွင် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချခြင်းမျိုး မရှိသေးကြောင်း ဆက်လက်ဆွေးနွေးသွားမည်ဟု ၎င်းက ပြောကြားသည်။

ယခုပြုလုပ်သည့်အစည်းအဝေးတွင် နောင်ဖြစ်ပေါ်လာမည့်  နိုင်ငံရေးအခင်းအကျင်းနှင့် ရခိုင်အမျိုးသားပါတီ၏ အခန်းကဏ္ဍ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

အစည်းအဝေးကို မြောက်ဦးမြို့အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပခဲ့ကြပြီး ပါတီထိပ်တန်းခေါင်းဆောင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်သည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...