အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

 ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် (၁၀) လကျော် ပိတ်ပင်နေပြီဖြစ်သည့် အိန္ဒိယ-မြန်မာ အမှတ် (၂) ရိ-ဇိုခေါထာရ် ကုန်သွယ်ရေး (Indo-Myanmar Border Trade Centre) အား ပြန်လည်ဖွင့်လှစ်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena က တောင်းဆိုခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိန္ဒိယ-မြန်မာ အမှတ် (၂) ကုန်သွယ်ရေး (Indo-Myanmar Border Trade Centre) အား ပြန်လည်ဖွင့်လှစ် ရေးကိစ္စကို အိန္ဒိယလွှတ်တော်အစည်းအဝေး Parliament Session တွင် K. Vanlalvena က ယခုလို တင်ပြတောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

 

“Coronavirus ရောဂါကြောင့် ရိ-ဇိုခေါထာရ် Indo-Myanmar Border Trade Centre ဟာ ပြီးခဲ့သည့်နှစ် ဧပြီလ ကစပြီး ပိတ်ပင်ထားတာဖြစ်တယ်။ ယခုလို ပိတ်ပင်ထားသည့်အတွက် တချို့သောကုန်သည်တွေက အစိုးရ မသိအောင် ကားလမ်း (၇) ခု ဖောက်ထားတယ်၊ အဲဒီဖောက်ထားတဲ့ ကားလမ်းကနေတဆင့် ကုန်ပစ္စည်းတွေသွင်းကြတယ်၊ အစိုးရထံလည်း ဘာအခွန်မှ မပေးကြဘူး ဒါကြောင့် တရားဝင်ပြန်ဖွင့်ပေးသင့်တယ်” ဟု Pu K.Vanlalvena က အိန္ဒိယ လွှတ်တော်အစည်းအဝေတွင်တိုက်တွန်းပြောဆိုခဲ့ကြောင်း The Aizawl Post တွင်ဖော်ပြထားသည်။

 

အစိုးရမသိအောင်တရားမဝင် ကုန်သွယ်မှုလုပ်နေကြသည့် လမ်းကြောင်းများသည် တရားမဝင် မူးယစ်ဆေးဝါးများ မှောင်ခို တင်သွင်းသည့် ကားလမ်းဖြစ်သွားမည်ကို စိုးရိမ်ဖွယ်ရှိနေကြောင်းနှင့် ကြီးမားသည့်အခက်အခဲများ တွေ့ကြုံလာနိုင် သည့်အတွက် အိန္ဒိယဗဟိုအစိုးရအနေဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးရန် လိုအပ် ကြောင်း K. Vanlalvena က တင်ပြတောင်ဆိုခဲ့ခြင်းဖြစ်သည်။

 

ယင်းကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်တွင် ကုန်သည်လုပ်ငန်းကိုလုပ်ဆောင်နေသည့် ချင်းအမျိုးသမီးတစ်ဦးက ယခုလို ပြောပါသည်။

 

“ဖွင့်ပေးရင်တော့ ကောင်းတာပေါ့။ အခုက ပိတ်ထားထာအတော်ကြာပြီ၊ ကုန်ပစ္စည်းတွေက တံတားကနေ ဝင်လို့ မရတော့၊ ရတဲ့နေရာကနေ ချောင်းတွေကိုကူးပြီး သယ်နေရတယ်။ အချိန်ကြန့်ကြာတဲ့အပြင် တန်ဆာခလည်း နှစ်ဆ လောက် ပေးနေရတယ်။” ဟု ပြောသည်။

 

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိက အချက်အချာကြသည် ရိ-ဇိုခေါထာရ် အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယနေ့ချိန်ထိပိတ်ထားသည့်အတွက် ကုန်သွယ်ရေးလုပ်ငန်းများအကြီးအကျယ်ထိခိုက်မှုရှိနေကြောင်းလည်းသိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...