ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေညီညွှတ်ကြဖို့ ရွေးကောက်ပွဲ အနိုင်ရ NLD နဲ့ KYSDP ကိုယ်စားလှယ်တွေတိုက်တွန်း

ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေညီညွှတ်ကြဖို့ ရွေးကောက်ပွဲ အနိုင်ရ NLD နဲ့ KYSDP ကိုယ်စားလှယ်တွေတိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KYSDP) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)က ကိုယ်စားလှယ်တချို့ဟာ  ဒီကနေ့ (ဖေဖော်ဝါရီလ ၄ရက်နေ့ ) မှာ ဆန္ဒထုတ်ဖော်တဲ့ ပြည်သူတွေညီညွှတ်ကြဖို့အတွက်ကိုရည်ရွယ်ပြီး အချက်(၄)ပါတဲ့ ထုတ်ပြန်ချက်တစ်ဆောင်ကို ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုပါတီ ၂ခုကနေ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်တာဟာ  ပါတီ ၂ခုလုံးရဲ့ အားပေးထောက်ခံသူတွေ အချင်းချင်းညီညွှတ်စေဖို့အတွက် ဖြစ်တယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးဦးသဲရယ်က ပြောပါတယ်။

“လက်ရှိပြည်သူလူထုတွေ ဒီလို စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့၊ ပယ်ဖျက်ဖို့၊ ဖျက်သိမ်းဖို့ဆိုပြီးတော့မှ လမ်းပေါ်ထွက်ပြီးတော့မှ တောင်းဆိုတဲ့အခါမှာ ကျနော်တို့ ပါတီ တစ်ခုချင်းစီရဲ့အားပေးထောက်ခံကြတဲ့ လူထုတွေက မတူကြဘူး။ အဲ့ဒါကြောင့် ကျနော်တို့ကလဲ လူထုတွေညီညွှတ်မှုရှိအောင်၊ သဘောထားကွဲလွဲမှုတွေမရှိအောင်၊ ဆိုပြီးတော့မှ ကျနော်တို့ကလူထုတွေအနေနဲ့ စံပြဖြစ်အောင်၊ ညီညီညွှတ်ညွှတ်ရှိကြဖို့ဆိုတဲ့ မက်စ်ဆေ့ကိုကျနော်တို့ ပေးချင်တာဖြစ်တယ်။”လို့ ဦးသဲရယ်က ပြောပါတယ်။

အဆိုပါ ထုတ်ပြန်ကြေညာချက်ကို ပါတီအနေဖြင့်ထုတ်ပြန်ခဲ့တာ မဟုတ်ပဲ ပါတီ နှစ်ခုမှ အနိုင်ရကိုယ်စားလှယ်တွေ အနေဖြင့် ထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

ထုတ်ပြန်ချက်မှာ စစ်အာဏာသိမ်းမှုကို ရှုံ့ချ ပြီး ဖယ်ဒရယ်ဒီမိုကရေစီအရေးကို လူထုနဲ့ အတူ ရပ်တည်သွားမယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်မှာ ပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် စစ်အာဏာရှင် ကျဆုံးဖို့ ပြည်သူတရပ်လုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

ကယားပြည်နယ်မှ မဲဆန္ဒနယ် ၃၄နေရာ တဲ့အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ၂၀ နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KYSDP)က ၈ နေရာနဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...