အစိုးရသစ်ဖွဲ့စည်းနိုင်တဲ့အချိန်ထိ ဝန်ထမ်းများအတွက် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ခေတ္တဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးထုတ်ပြန်

အစိုးရသစ်ဖွဲ့စည်းနိုင်တဲ့အချိန်ထိ ဝန်ထမ်းများအတွက် အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ခေတ္တဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးထုတ်ပြန်

ကယားပြည်နယ်အစိုးရအဖွဲ့လက်အောက်ရှိ ဝန်ထမ်းတွေအားလုံးအတွက် အစိုးရသစ်ဖွဲ့စည်းနိုင်တဲ့အချိန်အထိ အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ပေးကြောင်း  ကယားပြည်နယ်အစိုးရအဖွဲ့မှ ခေတ္တဝန်ကြီးချုပ်ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး  ဦးမော်မော် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်တစ်စောင်ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့စွဲဖြင့် ထွက်ရှိလာပါတယ်။

ဒီထုတ်ပြန်ချက်ကို အတည်ပြုဖို့ ဝန်ကြီး ဦးမော်မော်ကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါပေမဲ့ ဝန်ကြီး ဦးမော်မော် လက်မှတ်ရေးထိုးထားတဲ့ ဒီထုတ်ပြန်ချက်ဟာ မိမိတို့ ဌာနတွင်းကိုအမှန်တကယ် ရောက်ရှိလာကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဝန်ထမ်းတဦးက အတည်ပြုပြောကြားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်မှာ တပ်မတော်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို အာဏာသိမ်းယူခဲ့တဲ့အတွက်ကြောင့် ပြည်သူ့ဝန်ထမ်းအလွှာအသီးသီးနဲ့ ပြည်သူလူထုတွေ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အာဏာသိမ်းတပ်မတော်အစိုးရရဲ့ လက်အောက်မှာ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်လိုခြင်းမရှိတဲ့အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်အာဏာဖီဆီဆန်လျက်ရှိတယ်လို့ ဆိုထားပါတယ်။

ယခုကဲ့သို့ တပ်မတော်မှ အာဏာသိမ်းယူတာဟာ ဥပဒေမဲ့ပြုကျင့်ခြင်းဖြစ်တာကြောင့်တရားဝင်မှုမရှိတဲ့ အတွက် ပြည်နယ်အစိုးရအဖွဲ့  ဥပဒေပုဒ်မ (၂၉)မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်ဥပဒေကို ကျင့်သုံးပြီးတော့ ကယားပြည် နယ်အစိုးရအဖွဲ့ လက်အောက်မှာရှိတဲ့ ဦးစီးဌာန၊ အဖွဲ့အစည်းတွေနဲ့ လက်အောက်ခံရုံးဌာနအသီးသီးမှ သက်ဆိုင်ရာအရာရှိ/ အရာထမ်းတွေကို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ အစိုးရသစ်ဖွဲ့စည်းနိုင်တဲ့အချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်မှ ဥပဒေမဲ့ အာဏာသိမ်းခဲ့တဲ့အပေါ် ရဲဝံ့စွာအာဏာဖီဆန်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အလေးအနက်မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြောထားပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...