ကယားပြည်နယ်ထွေအုပ်ဝန်ထမ်း ၂၀ ဦးကျော်မှ CDM လုပ်ရှားမှုတွင်ပါဝင်လာ၊ အဆုံးထိလုပ်ဆောင်သွားမည်ဟုဆို

ကယားပြည်နယ်ထွေအုပ်ဝန်ထမ်း ၂၀ ဦးကျော်မှ CDM လုပ်ရှားမှုတွင်ပါဝင်လာ၊ အဆုံးထိလုပ်ဆောင်သွားမည်ဟုဆို

ကယားပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဝန်ထမ်း ၂၀ ကျော်ဟာ Civil Disobedience movement မှာ အဆုံးထိပါဝင်သွားမယ်လို့ သိရပါတယ်

အမည်မဖော်လိုတဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးက “ကျနော်တို့ကတော့ အဲ့ဒီ CDM ကိုပဲ တစိုက်မတ်မတ်လုပ်မယ် အဲ့လိုပဲ စဉ်းစားတယ်။ တခြားတော့ ကျနော်တို့ ဘာမှ အစီအစဉ်မရှိပါဘူး။” လို့ ပြောပါတယ်။

ဒီကနေ့မှာပဲ Civil Disobedience Movement မှာ ပါဝင်တဲ့ ဒီထွေအုပ်ဝန်ထမ်းတွေက “စစ်အာ ဏာရှင်စနစ်အလိုမရှိ” စာသားပါတဲ့ ဆိုင်းဘုတ်ကိုင်ပြီး အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်လှုပ်ရှားခဲ့ကြပါ တယ်။

အဆိုပါ ဝန်ထမ်းများမှ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး “ရုံးမတက်ပဲ ရုန်းထွက်ဖို့” လုပ်ဆောင်သွားမှာဖြစ်ပြီး နိုင်ငံရေးအခြေအနေတွေ ကောင်းမွန်ပြေလည်တဲ့အထိ ဒီလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အလုပ်ထွက်ဖို့ဆန္ဒမရှိသလို စစ်အစိုးရအုပ်ချုပ်တာကို လက်မခံနိုင်တဲ့အတွက် CDM မှာ အဆုံးထိပါဝင်သွား မယ်။”လို့ နောက်ထပ် အမည်မဖော်လိုတဲ့ ထွေအုပ်ဝန်ထမ်းတစ်ဦးကလည်း ဆိုပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်ခြင်းမရှိသေးတဲ့ တခြားသော ထွေအုပ်ဝန်ထမ်းတွေလည်း ပါဝင်လာပြီး ပြည်သူလူထုနဲ့ ပူးပေါင်းကြဖို့ မျှော်လင့်နေတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေက ဆိုပါတယ်။

ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဝန်ထမ်းပေါင်း ၂၀၀ ကျော်ရှိတဲ့အနက် ဝန်ထမ်း ၂၀ ဦးကျော်မှ Civil Disobedience Movement မှာ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

July 4, 2026
ကရင်နီ (ကယား) ပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ငှက်ဖျားရောဂါ အဖြစ်များနေသော်လည်း...
July 3, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင်...
July 2, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လွိုင်နန်းဖရေထိန်းတမံကို...
July 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဖွံ့ဘော်ခွတ်မြို့နယ်မှာ မိုးတွင်းကာလ...