အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဖယ်ခုံမြို့တွင်ပြုလုပ်ပြီး လူဦးရေထောင်ချီပါဝင်

အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဖယ်ခုံမြို့တွင်ပြုလုပ်ပြီး လူဦးရေထောင်ချီပါဝင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့မှာ ဒီကနေ့ ညနေပိုင်း ၆ နာအချိန်က အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ခဲ့ရာ ဖယ်ခုံမြို့ခံလူထု ၂၀၀၀ ခန့်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆန့်ကျင်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဖယ်ခုံမြို့ခံတစ်ဦးက “အဓိကတော့ စစ်အာဏာရှင်စနစ်ကို မလိုလားကြဘူးပေါ့။ စစ်အာဏာရှင်ကို ပြည်သူတွေ ဆန့်ကျင်တယ်ဆိုတဲ့အကြောင်းတွေကို တစ်စုတစ်စည်း တည်း ပြဖို့ ဒီမှာ စုစည်းပြီးတော့ လာကြတာဗျ။” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ အနက်ရောင် ဝတ်စုံတွေဝတ်ဆင်ပြီးတော့ ဖယောင်းတိုင်ကိုင်တာတွေ၊ ဖဲကြိုးနီချိတ်ဆွဲ တာတွေအပြင် ဟောပြောတာတွေနဲ့ “စစ်အာဏာရှင်အလိုမရှိ၊ အရေးတော်ပုံ အောင်ရမည်” စတဲ့ ကြွေးကြော်သံတွေကို ရွတ်ဆိုခဲ့ ကြပါတယ်။

“ကျနော်တို့မှ အခုချိန်မှာ မတွန်းလှန်ရင် ကျနော်တို့ ဘယ်ချိန်တွန်းလှန်မလဲပေါ့နော်။ ကျနော်တို့လူငယ်တွေ အကုန်လုံးပူးပေါင်းပါ။ အာဏာရှင်ဆိုတဲ့ စကားလုံးကို ကျနော်တို့ရဲ့ မြန်မာ့သမိုင်းမှာပဲ ကျန်ပါစေပေါ့နော်။ နောက်မျိုးဆက်အထိ မသယ်သွားကြပါနဲ့။ အကုန်လုံးပူးပေါင်းပြီးတော့ တိုက်ထုတ်ဖို့ ကျနော်တို့ အားပေး ချင်ပါတယ်။ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဗျ”လို့ ဖယ်ခုံမြို့ခံတစ်ဦးက ပြောပါတယ်။

နောက်နေ့တွေမှာလည်း ခုလို စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ အစီအစဉ်တွေကို ဆက်လက်လုပ် ဆောင်သွားမယ်လို့ သိရပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...