သံပုံးတီးမှုကြောင့် ဖမ်းဆီးခံရသည့် ထန်တလန်လူငယ် ခံဝန်ဖြင့်ပြန်လွတ်

သံပုံးတီးမှုကြောင့် ဖမ်းဆီးခံရသည့် ထန်တလန်လူငယ် ခံဝန်ဖြင့်ပြန်လွတ်

တပ်မတော်၏အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း သံပုန်းတီးဆန္ဒဖော်ထုတ်မှုကြောင့် ရဲစခန်းမှခေါ်ဆောင်သွားသည့် ထန်တလန်မြို့မှ ချင်းလူငယ် Salai Sang Lung အား ခံဝန်ချက်ထိုးခိုင်းပြီး ဖေဖော်ဝါရီ ၅ ရက် နေ့လည်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

Salai Sang Lung က “သူတို့က ဖမ်းတာတော့မဟုတ်ပါဘူး။ ခေါ်ယူပြီးတော့ ညှိနှိုင်းတာပေါ့။ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်ပါပြီ။ သူတို့လည်း အထက်ကခိုင်းလို့ ခေါ်ပြီးခံဝန်ထိုးခိုင်းတာလို့ပြောတယ်။ ဘာမှအပြစ်လည်းမရှိတော့ ပြန်လွှတ်ပေးလိုက်တာပါ။ ဒီကိစ္စနှင့်ပတ်သတ်ပြီးတော့ ပြောချင်တာက လူတိုင်းမှာ အခွင့်အရေးရှိတယ်လို့ ပြောချင်တယ်” ဟုပြောသည်။

 

သံပုံးတီးဆန္ဒပြမှုကြောင့် ရဲစခန်းမှ ခေါ်ယူခံခဲ့ရသည့် Salai Sang Lung ၏ဖြစ်စဉ်တွင် ထန်တလန်မြို့မှ လူငယ် ၅၀ ဝန်းကျင်မှ ရဲစခန်းသို့လိုက်လံပြီး ဝိုင်းရံပေးခဲ့ကြောင်း သိရသည်။

 

Salai Sang Lung မှာ ယမန်နေ့ညက တပ်မတော်အားကန့်ကွက်ကြောင်း သံပုံးတီးဆန္ဒဖော်ထုတ်နေစဉ်တွင် ရဲများရောက်လာပြီး ဥပဒေနဲ့မညီကြောင်း လာရောက်ပြောဆိုမှုများကို ဗီဒီယိုဖိုင်ရိုက်၍ လူမှုကွန်ရက်တွင် လွှင့်တင်ခဲ့ရာ မှတ်ချက်ပေးသူနှင့် မျှဝေသူအများအပြားရှိခဲ့သည်။

 

အလားတူ ဟားခါးမြို့တွင်လည်း ယမန်နေ့ညက သံပုံးတီးဆန္ဒဖော်ထုတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ငွေ ၅၀ ကျပ်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...