ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးအား ခန့်အပ်

ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးအား ခန့်အပ်

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်အား လက်ရှိရာထူးမှ ဖယ်ရှားပြီး အသစ်ဖွဲ့စည်းလိုက်သည့် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့တွင် NLD အစိုးရလက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးအား ပြည်နယ်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၂ ရက်နေ့ နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် အမိန့်အမှတ် ၁ဝ/ ၂ဝ၂၁ ဖြင့် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးလိုက်သည်ဟု  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို သွားချင်တာ။ တရားဝင်မှု၊ ကိုယ်စားပြုမှုတွေကို အခြေခံပြီး ပြည်သူ့ဆန္ဒနဲ့ သွား တာမျိုးလိုချင်တာလေ။ လက်နက်အားကိုးပြီး ရယူအနိုင်ယူကြစတမ်းဆိုရင် လက်မခံဘူးဗျ။ ပြည်သူ့ဆန္ဒ အ လျောက် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲရလဒ်အပေါ် မည်သူ့ကိုမဆို မည်သည့်ပါတီကိုမဆို အသိမှတ်ပြု ရမယ်။ လက်ခံရမယ်။ ပြည်သူကို မျက်နှာမူရမယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ကရင်ပြည်နယ်တာဝန်ခံ ကိုမြင့်အောင်က ဇန်နဝါရီ ၃ ရက်တွင် ကေအိုင်စီ သို့ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းသည့်အပေါ် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ထောက်ပံ့မှုများအား ဆုံးရှုံး မည်ဖြစ်ပြီး ပြည်သူများ ပိုမိုထိခိုက်နစ်နာမည်ဖြစ်ကာ ၎င်းတို့၏ အုပ်ချုပ်မှုယန္တာရားများကိုလည်း ထိခိုက် လာလျှင် မည်သူ့ကိုမဆို ဆိုးရွားမည့် ဖြစ်ရပ်မျိုးသာ ကြုံတွေ့နိုင်သည်ဟု အရပ်ဖက်အဖွဲ့မှ ၎င်းတို့၏ တွေ့ကြုံခဲ့ရသည့် အခြေအနေများကို ပြောသည်။

နိုင်ငံတော်အား ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန် ပေးလိုက် သည်ဟု ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပြီးနောက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများကို အသီးသီးခန့်အပ်လိုက်သည်ဟု ထုတ်ပြန်ချက် အရ သိရသည်။

July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...
July 21, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ပြုလုပ်နေသည့် ငြိမ်းချမ်းရေး...
July 17, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး‌ကျေးရွာတွင် ယခုနှစ် ပြောင်းစိုက်ပျိုးသည့် ဧရိယာ များ...