ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးနှစ်ဦး ပြန်လွတ်လာ

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးနှစ်ဦး ပြန်လွတ်လာ

ချစ်အိလှိုင် — ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးနှစ်ဦးဖြစ်သည့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာတို့သည် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ပြန်လွတ်လာပြီဟု သတင်းရရှိသည်။

ယမန်နေ့ ဖဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းချိန် ဂွမြို့အခြေစိုက်အမှတ် (၅၆၂)တပ်ရင်းက ၎င်းတို့သုံးဦးအား ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် NLD တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးမင်းအောင်က အတည်ပြုပြောကြားသည်။

“ဝန်ကြီးချုပ်က အိမ်ကိုပြန်ရောက်နေပါပြီ။ ဝန်ကြီးတွေပါ အိမ်ကိုပြန်ကြပြီလို့ပြောတယ်။ ဝန်ကြီးတွေ ့ရှိတဲ့နေရာကိုတော့မသိဘူး။ ဝန်ကြီးချုပ်ကတော့ အိမ်ပြန်ရောက်နေတာပဲသိတယ်။ ဝန်ကြီးချုပ်အိမ်နားမှာ တပ်ကလုံခြုံရေးယူထားတာတွေမတွေ့သေးဘူးလို့သိရတယ်” ဟုပြောသည်။

ဝန်ကြီးချုပ်နှင့်အတူရှိနေသူ ဂွမြို့နယ်မှ NLD တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုစိုးမင်းအောင်ကလည်း ဝန်ကြီးချုပ်မှာ ကောင်းကောင်း မွန်မွန်ပြန်လည်ရောက်ရှိလာကြောင်း ပြောသည်။

“ ကျွန်တော်အခု ဝန်ကြီးချုပ်နဲ့အတူရှိနေပါတယ်။ သူ့ကို တပ်က ကားနဲ့လာပို့တာပါ။ ဝန်ကြီးချုပ်နဲ့အတူ ဝန်ကြီးနှစ်ပါး လည်း ပြန်လွတ်ပါတယ်။ နေအိမ်အကျယ်ချုပ်လို ပုံစံမျိုးပြန်လွတ်တာမဟုတ်ပါဘူး။” ဟုပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှ၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ဥက္ကဋ္ဌဒေါ်တင်လှိုင်နှင့်အတွင်းရေးမှူး ဦးသူရိန်ထွဋ္ဋ်တို့သည် တပ်မတော်က အာဏာသိမ်းချိန်တွင် ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

၄င်းတို့အထဲတွင် ဒေါ်တင်လှိုင်၊ ဦးသူရိန်ထွဋ္ဋ်နှင့် ဒေါ်ခင်စောဝေတို့ကို ယင်းနေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှမှာ လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...