တပ်အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေဟု NLD ထုတ်ပြန်

တပ်အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေဟု NLD ထုတ်ပြန်

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဆန့်ကျင်ဆောက်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ က ယနေ့ (ဖေဖော်ဝါရီ ၂)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

နိုင်ငံတော်၏ အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တနှစ်တိတိ လွှဲအပ်လိုက်ပြီဖြစ်ကြောင်း ယနေ့(ဖေဖော်ဝါရီ ၁)ရက်တွင် တပ်မတော်ပိုင် သတင်းဌာန ဖြစ်သည့် မြဝတီသတင်းတွင် ကြေညာချက်ထုတ်လိုက်သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး မတိုင်မီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ဆန့်ကျင် ဆောင်ရွက် ခြင်း ဖြစ်သည့်အပြင် အချုပ်အခြားအာဏာ၏ မူလပိုင်ရှင် ဖြစ်သော နိုင်ငံသားများ၏ အချုပ်အခြားကို မျက်ကွယ်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း ယနေ့ NLDထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့အပြင် နိုင်ငံတော် ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပိုမိုခိုင်မာရေး၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်ရန် ကြီးစွာ အဟန့်အတားဖြစ်စေကြောင်း၊ နိုင်ငံတော် နှင့် တပ်မတော်၏ သမိုင်းကိုလည်းညစ်နွမ်းစေသည့် ဆောင်ရွက်မှု ဖြစ်စေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်း ထားသူအားလုံး ကို အမြန်ဆုံး လွှတ်ပေးရန်၊၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ၏ အတည်ပြုပြီးသော ရလာဒ် ကို အသိအမှတ်ပြုရန် တောင်းဆိုလိုက်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက်တွင် ထည့်ရေးသားသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နိုင်ငံတော် တည်ငြိမ်းရေး နှင့်ပြည်သူတို့၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးတို့ အပါအဝင် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားရေးတို့အတွက် လည်း NLD အလေး အနက်ပြုကာ တောင်းဆိုလိုက်သည်။

Photo by NLD’s office

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...