ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

ရွေးကောက်ပွဲ တရားမျှတမှု ဖော်ဆောင်နိုင်ခြင်းမရှိဟု SNDP ပြော

နန်းဆိုင်ဖူး — ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်းပြီး လွတ်လပ်ပြီး တရားမျှတစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း ဇန်နဝါရီ (၂၄) ရက်စွဲဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှ ထုတ်ပြန်လိုက်သည်။

“တပ်မတော်ဘက်က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေလည်းရှိတော့ ပြန်လည်စိစစ်ဖို့ လိုတယ်တယ်။ဖြေရှင်းပြီးမှပဲ လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ် ဆောင်ရွက်ပေးဖို့အကြောင်း မြင်တဲ့အတွက်ကြောင့်မလို့ ထုတ်ပြန်ချက်ထုတ်ရခြင်း ဖြစ်ပါတယ်” ဟု SNDP ၏ အထွေထွေအတွင်းရေးမှူး စိုင်းဖိုးအောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲပြီးမြောက်ပြီး မဲရလဒ်ကြေညာရာတွင် မဲပေးနိုင်သော ဦးရေထက် မဲအရေအတွက် သန်းချီပိုပေးထားသည့် မဲမသမာမှုများ ရှိသည်ဟုဆိုကာ အမှုပေါင်းများစွာ တင်ပြတိုင်ကြားမှုများလည်း ရှိနေသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းပြီးမှသာလျှင် လွှတ်တော်ခေါ်ယူရေး လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သင့်ကြောင်း ရေးသားထားသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁) ဦး အနိုင်ရရှိခဲ့သည်။

တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ (၈) ရက်မှာ ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

July 31, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ...
July 30, 2026
သျှမ်းပြည်တစ်ဝှမ်းတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ...
July 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ...
July 27, 2026
သျှမ်းပြည်၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့်...