ဒေသခံလူထုအသုံးပြုသည့်လမ်းပေါ် RCSS နှောင့်ယှက်နေဟု ဒေသခံများပြော

ဒေသခံလူထုအသုံးပြုသည့်လမ်းပေါ် RCSS နှောင့်ယှက်နေဟု ဒေသခံများပြော

နန်းဆိုင်ဖူး — သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ စု အသုံးပြုနေသည့် လမ်းပေါ်တွင်သံချောင်းများ စိုက်ထားသဖြင့် ဖယ်ရှားပေးပါရန် မြို့နယ်အုပ်ချုပ်ရေးမှူး ထံ တင်ပြတောင်းဆိုထားသည်ဟုသိရသည်။

နမ့်ဆန်မြို့နယ် ကျေးလက်ပြည်သူများ အဓိက အသုံးပြုနေသည့် နမ့်ဆန် – နမ္မတူ လမ်းမပေါ် နောင်ကန်-မုံးဟွေ လမ်းပိုင်းတွင် RCSS/SSA မှ သံချောင်းများ ထောင်ထားခြင်း၊ ခရီးသွား ပြည်သူများကို ခြိမ်းခြောက်ပြောဆိုခြင်းကြောင့် RCSS/SSA တပ်များ ဒေသအတွင်းမှ ထွက်ခွါပေးပါရန် နမ့်ဆန်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီ (၁၉ )ရက်စွဲဖြင့် ဒေသခံလူထုကိုယ်စား ကျေးရွာအုပ်စု ၅ ခုမှ အုပ်ချုပ်ရေးမှူး ၅ ဦးက လက်မှတ်ရေးထိုးပြီး တင်ပြတောင်းဆိုထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေး က “ အဲ့ဒီသတင်းက မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတွေပဲ။ RCSS တပ်ဖွဲ့အနေနဲ့ ပြည်သူ့လူထုအပေါ်ကို အဲ့လိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခွင့်မပြုဘူး လုပ်လည်းမလုပ်ခဲ့ဘူး။ အဲ့ဒါက လုံးဝ မဟုတ်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ သံချောင်းများစိုက်ထားခြင်း၊ လမ်းသွားလမ်းလာများကို ခြိမ်းခြောက်နေသည့် လမ်းပိုင်းသည် နမ့်လင်း၊ တောင်ကျော်၊ မန်လွယ်၊ ခေးခင်၊ လုံတောက်ကျေးရွာအုပ်စု (၅) သွားလာနေသည့် လမ်းပိုင်းဖြစ်ကြောင်းသိရသည်။

ထို့အတူ နမ္မတူဒေသခံများကလည်း အဆိုပါလမ်းနှင့်ဆက်စပ်သည့် လားရှိုး နမ္မတူ လမ်းမ ပိုင်းတွင်လည်း TNLA တပ်များ စောင့်ဆိုင်းကာ ခရီးသွားလူထုအပေါ် ထောက်ပံ့ကြေးတောင်းခံခဲ့သည်ဟုလည်း နမ္မတူ ဒေသခံများက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ တင်ပြတောင်းဆိုသည့် ကျေးရွာအုပ်စု (၅)စုမှ အုပ်ချုပ်ရေးမှူးများကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုကြားခြင်း မရှိပေ။

ဇန်နဝါရီ လဆန်းပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ကျေးလူလူထု ၇ ဦးအားဖမ်းဆီးသွားသည်ဟုဆိုကာ ဒေသအတွင်းမှ KIA တပ်များ ထွက်ခွါပေးပါရန် နမ့်ဆန်ဒေသခံများက လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါသေး သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...