ကရင်ပြည်နယ် ပညာရေးနှင့်ဆိုင်သည့် အဆောက်အဦးပေါင်း ၂ဝဝ ကျော် ခွင့်ပြုချထား

ကရင်ပြည်နယ် ပညာရေးနှင့်ဆိုင်သည့် အဆောက်အဦးပေါင်း ၂ဝဝ ကျော် ခွင့်ပြုချထား

စောမြတ်ဦးသာ — ကရင်ပြည်နယ် မြို့နယ် ၇ မြို့ရှိ ပညာရေးနှင့်ဆိုင်သည့် အဆောက်အဦးပေါင်း ၂ဝဝ ကျော်ကို ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချထားပေးကြောင်း ပြည်နယ်ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာ၊ အားကစားနေရာ၊ သိပ္ပံဆောင်၊ စာကြည့်တိုက်၊ ကျောင်းအိပ်ဆောင်နှင့် ပညာရေးရုံးအ ဆောက်အဦးများကို မြို့နယ်အလိုက်ချထားပေးပြီး ကျောင်းသူ/ကျောင်းသားများကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် ခွင့်ပြုချထားပေးခြင်းဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူး ဦးငွေစိုးက ကေအိုင်စီသို့ ပြောဆိုသည်။

“ပညာရေးဆိုင်ရာ အဆောက်အဦးပေါင်း ၂၂၅ ခု ဒီနှစ်ချထားပေးတယ်။ မြို့နယ် ၇ ခုစလုံးပါ။ ဥပတိရုပ်မကောင်းတဲ့ ကျောင်း ဆောင်တွေ အဆောက်အဦးတွေ တိုးချဲ့ဆောင်ရွက်ပေးတာ ပညာတွေ ကောင်းကောင်းမွန်မွန် သင်ယူနိုင်ဖို့ပါ။ ပညာရေး ကဏ္ဍတွေ တိုးတက်အောင် ဆောင်ရွက်သွားမယ်။ နိုင်ငံတော်က ချထားပေးတဲ့ အဆောက်အဦးတွေလည်း ရေရှည် တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ တိုက်တွန်းလိုပါတယ်”ဟု ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ပညာရေးဌာနအနေဖြင့် မြို့နယ် ၇ ခုတွင် အဆောက်အဦး ၉၈ ခုသာ ခွင့်ပြုချထားပေးခဲ့ပြီး ကျောင်းသားဦးရေ တိုးလာသည့်အပေါ် ကျောင်းအဆောက်အဦးများနှင့် ဆရာ/ဆရာမ ဝန်ထမ်း လိုအပ်ချက်များရှိနေသေးဟု ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျောက်ဘီလူးရွာ အထက်တန်းကျောင်းအုပ် ဆရာဦးဝင်းထွဋ်အောင်က “ အထကကျောင်း ဖြစ်လာ ပြီးတော့ ကျောင်းသားဦးရေ ၅ဝဝ နီးပါး ရှိလာတယ်။ ကျောင်းဆောင်သစ် လိုအပ်တာပေါ့နော်။ ၄ ခန်းတွဲကျောင်း တစ်ဆောင်ပဲ ရှိသေးတယ်။ ကျန်တာက ကျေးရွာစီမံမှုနဲ့ ယာယီကျောင်းဆောင်မှာ သင်ကြားနေတာပါ။ အခု RC တစ်ထပ်ကျောင်းဆောင် တစ်ခုရတော့ အတိုင်းမသိဝမ်းသာပါတယ်။ ဒေသခံကလေးတွေ ပညာသင်ယူမှု အခွင့်အလမ်း ပိုလာတာပေါ့” ဟု ဇန်နဝါရီ ၂ဝ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်တွင် ကျောင်းဆောင်သစ်နှင့် ဆရာ/ဆရာမဝန်ထမ်းများ နှစ်စဉ်ချထားပေးလျက်ရှိကာ ကျောင်းသားဦးရေ များ လာသည့်အတွက် လိုအပ်ချက်များရှိနေသေးပြီး တစ်ပြည်နယ်လုံးအတိုင်းအတားဖြင့် ပညာရေးဝန်ထမ်း ၂,၇ဝဝ ကျော်သာ ရှိသည်။ ကိုဗစ်ရောဂါဖြစ်နေသည့်အတွက် ယခုစာသင်နှစ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှုအပေါ် ညွှန်ကြားမှု မရှိသေးကြောင်း ပြည်နယ်ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...