ချင်း-စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁၀ အထိ အတည်ပြုနိုင်ပြီ

ချင်း-စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁၀ အထိ အတည်ပြုနိုင်ပြီ

လားနွန် – ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအကြား အင်္ဂလိပ်ခေတ်က စိုက်ထူခဲ့သော နယ်နိမိတ်ဘုတ်တိုင်များ ပြန်လည်ရှာ ဖွေလျှက်ရှိရာ နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၁၀ အထိ ကွင်းဆင်းအတည်ပြုနိုင်ပြီဟု စုံစမ်းသိရှိရသည်။

၁၉၃၈ ခုနှစ်အင်္ဂလိပ်ခေတ်က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအကြား နယ်နိမိတ်ဘုတ်တိုင် စုစုပေါင်း ၂၁ တိုင်စိုက်ထူခဲ့ ကြပြီး ယင်းဘုတ်တိုင်များကိုပြန်လည်ရှာဖွေကြရာ ယခုအခါ ဘုတ်တိုင် BP အမှတ် ၁၀ အထိ ပြန်လည်ရှာဖွေ အတည်ပြု ပြီဖြစ်ကာ တစ်လ ၅ တိုင်နှုန်းဖြင့်စိုက်ထူသွားကြမည်ဟု ကလေးခရိုင်အုပ်ချူပ်ရေးမှူး ဦးခင်မောင်ချိူကပြောသည်။

“ အခုက ဒီဇင်ဘာ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လ အထိ တစ်လကို (၅) တိုင်စိုက်ထူမှာ မတ်လကျတော့ (၆) တိုင် အခုလုပ်တာက နစ်နာစရာမရှိဘူး ကောင်းမှုပဲလေ ရှေ့လျှောက်ကောင်းသွားမှာပေါ့ ဘာကောင်းမလဲဆိုတော့ တရားဥပဒေစိုးမိုးရေးတို့ နယ်မြေအေးချမ်းသာယာရေးတို့မှာလည်း ကောင်းသွားမှာ” ဟု ဦးခင်မောင်ချိုကပြောသည်။

အဆိုပါနယ်နိမိတ်ဘုတ်တိုင်ပြန်လည်ရှာဖွေရေးလုပ်ငန်းကို နေပြည်တော်မြေတိုင်းဦးစီးဌာနမှဦးဆောင်၍ ချင်းပြည်နယ်အ စိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အုပ်ချူပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ဒေသခံကျေးရွာ အုပ်ချူပ်ရေး မှူးတို့မှ ပြန်လည်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

ချင်းနှင့် စစ်ကိုင်းတိုင် နယ်နိမိတ်ဘုတ်တိုင် BP အမှတ် ၁ မှ ၅ အထိကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ကွန်ဂရစ်တိုင်ဖြင့် စိုက်ထူခဲ့ကြပြီးဖြစ်ကာ ယခု BP အမှတ် ၆ မှ ၁၀ အထိကို ဇန်နဝါရီလအတွင်း စိုက်ထူကြမည်ဟု သိရသည်။

ယခုပြန်လည်စိုက်ထူကြမည့် နယ်နိမိတ်ဘုတ်တိုင်းများသည် ၁၉၃၈ ခုနှစ် ပြည်ထည်ရေးဝန်ကြီးဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် (၆၈၀) နှင့် ၁ လက်မ ၄ မိုင်စကေးမြေပုံအား အခြေခံ၍ ပြန်လည်ဖော်ထုတ်ခြင်းဖြစ်သည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...