ကရင်နှစ်သစ်ကူးနေ့ကို အနှစ်သာရရှိရှိကျင်းပရန် ဧရာဝတီ ကရင်စာ၊ယဉ် ဥက္ကဌ တိုက်တွန်း

ကရင်နှစ်သစ်ကူးနေ့ကို အနှစ်သာရရှိရှိကျင်းပရန် ဧရာဝတီ ကရင်စာ၊ယဉ် ဥက္ကဌ တိုက်တွန်း

စောရှား — ကရင်တစ်မျိုးသားလုံး၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ကရင်နှစ်သစ်ကူးနေ့ကို အနှစ်သာရရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ကျင်းပကြရန် ဧရာဝတီတိုင်းဒေသကြီး၏ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်က ဇန်နဝါရီ ၁၂ရက်တွင် တိုက် တွန်းပြောဆိုလိုက်သည်။

ပြာသိုလဆန်း ၁ရက်ေန႔တြင် ကျရောက်သည့် ယခု ၂၇၆၀ ပြည့်နှစ်(ဇန်နဝါရီ ၁၃ ရက်)တွင်သာမက နောင်နှစ်များ တွင်လည်း ကရင်နှစ်သစ်ကူးနေ့ကို အနှစ်သာရရှိရှိ ကျင်းပနိုင်ရန် ဆက်လက် ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း မန်းအိုင်ခလိန်က ယခုလို ပြောသည်။

“နှစ်သစ်ကူးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အမျိုးသား စည်းလုံးရေးစိတ်ဓာတ်တွေကို နှစ်သစ်ကူးနေ့လောက်ပဲ သ ဝဏ်လွှာမှာ ဟောပြောခဲ့ကြတယ်။ အနှစ်သာရရှိရှိ ကျင်းပဖို့ ကျနော်တို့ နည်းနည်း အားပျော့ခဲ့တယ်။ (နောင်ဆို) အမျိုးသားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ပိုမိုထည့်သွင်းနိုင်ဖို့ လိုတယ်ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

အမျိုးသားရေးနှင့်ဆိုင်သော အကြောင်းအရာများကို ကရင်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အားကစား နှင့် ဒုံးအကပြိုင်ပွဲ အပါအဝင် ဖျော်ဖြေပွဲများတွင်လည်း အကျဉ်းချုံးထည့်သွင်းဟောပြောသင့်ကြောင်း မန်းအိုင်ခလိန်က ဆက်ပြောသည်။

မန်းအိုင်ခလိန်က “အားကစားလုပ်တာပဲဖြစ်ဖြစ်၊ အကအခုန်ပဲဖြစ်ဖြစ် အစပြုတိုင်းမှာ အမျိုးသားရေး ဟန်တစ်ခုကို ကျနော်တို့ ဖော်ရမယ်ဗျ။ သာမန်ရိုးရိုး ဘောလုံးကန်တာမဟုတ်ဘဲနဲ့ အမျိုးသားရေး ဦးတည်ချက်တစ်ခုအနေနဲ့ ဖော် ဆောင်တယ်။ အဖွင့်အမှာစကားတို့၊ အမျိုးသားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောနိုင်တဲ့သူတွေက အားကစား မစခင်မှ ပြောခြင်းဟာ အကောင်းဆုံးပဲ။”ဟု ပြောသည်။

ထို့အပြင် ကိုဗစ္ကာလျဖစ္၍ ကရင်နှစ်သစ်ကူး အသိပညာပေးပြင်ဆင်မှုများအဖြစ် နှစ်သစ်ကူးနေ့မရောက်ခင် လပိုင်း အလို၌ မြေပြင်တွင်သာမက Online အစီအစဉ်များတွင်ပါ ပြုလုပ်ပေးနိုင်ပါက ပိုမိုကောင်းမွန်ကြောင်း မန်းအိုင်ခလိန် က အကြံပြု ပြောဆိုသည်။

ငွေကြေးအကုန်ကျခံကာ ပြုလုပ်သော ကရင်နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲ(လက်ဝှေ့၊ ဘောလုံး၊ ခြင်းလုံး၊ ဘောလီဘော)များတွင် ကရင်ယဉ်ကျေးမှုအငွေ့အသက်(စာပေ၊ စကား၊ ဝတ်စားဆင်ယင်မှု)များကိုလည်း ပိုမိုထည့် သွင်းပေးနိုင်ရန် ကရင် စာ၊ ယဉ်အသင်းတာဝန်ရှိသူများက လိုလားနေကြသည်။

အနှစ်သာရရှိသော ကရင်နှစ်သစ်ကူးနေ့ အစီအစဉ်အခမ်းအနားများ ဖြစ်ပေါ်လာရန် ဧရာဝတီတိုင်း စာ၊ ယဉ်ဥက္ကဌ၏ အကြံပြုတိုက်တွန်းချက်ကို ကြိုဆိုထောက်ခံကြောင်း ပန်းတနော်မြို့နယ်၊ မရမ်းကျေးရွာအုပ်စု၊ ဗောဓိကုန်းရွာမှ ကရင် လူငယ် နမ့်မိုးနန္ဒာဦးက ပြောသည်။

“နှစ်သစ်ကူး၊ အမျိုးသားရေးနဲ့ဆိုင်တဲ့ ပဟေဋိပြိုင်ပွဲတို့ ပြုလုပ်ပေးရင် ပြိုင်ပွဲဝင်ရော နားထောင်တဲ့လူရော ပိုပြီး မှတ် သားမိနိုင်ပြီးတော့ အနှစ်သာရပိုရှိမယ်လို့ထင်တယ်။ ရှေးဟောင်း ကရင်ရိုးရာအကတွေ ပြန်လည်ဖော်ထုတ်ကပြတာတို့ ပြုလုပ်ပေးရင်ရင်လည်း ပိုပြီး အနှစ်သာရရှိမယ်လို့ ထင်တာပေါ့နော်။”ဟု ပြောသည်။

လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ကရင်လူများများ ဒုတိယအစုအဖြစ် ဝင်ရောက်လာသော ခရစ်နှစ် မတိုင်မီ ၇၃၉ခု နှစ်မှ စတင်ရေတွက်လျှင် ယခုအခါ ၂၇၆၀ ခုနှစ်၊ ကရင်နှစ်သစ်ကူးအဖြစ် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

အင်္ဂလိပ်ကိုလိုနီခေတ်တွင် အစိုးရအသိအမှတ်ပြု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရရှိရေးအတွက် ကရင်အမျိုးသား လွှတ်တောင်အမတ် ၁၅ဦးမှ ပူးပေါင်းကာ ပါလီမန်(လွှတ်တော်)တွင် ၁၉၃၇ခုနှစ်၌ တောင်းဆိုခဲ့ပြီး ၁၉၃၈ခုနှစ်မှစ၍ ကရင်နှစ်သစ်ကူးနေ့ကို တရားဝင် စတင် ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...