ကိုဗစ်-၁၉ ကြောင့် (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့ ကျင်းပရန် မသေချာသေး

ကိုဗစ်-၁၉ ကြောင့် (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့ ကျင်းပရန် မသေချာသေး

လားနွန် — လာမည့် ဖေဖော်ဝါရီလ (၂၀) နေ့ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်ဆင့်အနေဖြင့် ကျင်းပပြုလုပ်ရန် မသေချာသေးကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“လောလောဆယ်ဘာမှတော့အစီစဉ်မရှိသေးဘူး ဆွေးလည်းမဆွေးနွေးရသေးဘူး လွတ်လပ်ရေးနေ့တို့၊ တစ်ချိူ့ပွဲကြီး တွေတောင်မှ သိပ်မလုပ်ခိုင်းဘူးဆိုတော့လေ လူအများနဲ့လုပ်ဖို့ကြတော့ သိပ်အဆင်မပြေဘူး ကျင်းပဖြစ်မယ်ဆိုရင် တောင်မှ အကျဉ်းရုံးသဘောမျိူးနဲ့ပဲလုပ်ရမယ်ထင်တယ်’’ ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။

ချင်းလူမျိူးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အဆင့်အနေဖြင့် နှစ်စဉ်စဉ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်တွင်ကျင်းပပြုရန် မသေချာသေးခြင်းဖြစ်သည်။

ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီး မြင့်ခဲ့သည်။

လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့ကြသော ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီလာခံတွင် တက်ရောက် လာခဲ့ကြသော ချင်းအမျိူးသားလူထုကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က သက်ဦးစံပိုင်မြေရှင်ပဒေသရာဇ်စနစ်အုပ်ချူပ်မှုကို ကန့်ကွက်ဖယ်ရှားလိုက်ကြပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ခဲ့ကြသည်။

၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီ လာခံကျင်းပခဲ့သည့်ရက်ကိုအစွဲပြု၍ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကို ချင်းအမျိူးသားနေ့အဖြစ် သတ်မှတ်ခဲ့ ပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရောက်သည့်အခါ အမျိူးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ဆင်နွဲလေ့ရှိကြသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...