၅ နှစ်တာ ကာလအတွင်း တတ်နိုင််သလောက်လုပ်ပေးနိုင်ခဲ့သည့်အတွက် အားရကျေနပ်မှုရှိဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆို

၅ နှစ်တာ ကာလအတွင်း တတ်နိုင််သလောက်လုပ်ပေးနိုင်ခဲ့သည့်အတွက် အားရကျေနပ်မှုရှိဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဆို

ထွန်းခိုင်၊ ဇွဲဓန — ၅ နှစ်တာကအတွင်း ကိုယ့်တတ်နိုင်သလောက် လုပ်ပေးနိုင်ခဲ့သည့်အတွက် အားရကျေနပ်မှုရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ယနေ့ ကျရောက်သော (၇၃) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

 “၅ နှစ်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်မှုအပေါ် ကျေနပ်ပါတယ်။ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးနိုင်တဲ့အတွက်၊ လုပ်ပေးရတဲ့အတွက် အများကြီးကျေနပ်ပါတယ်။”

၎င်းအပြင် နိုင်ငံတော်အတွက် ရည်မှန်းထားသော ရည်မှန်းချက်များအား ရာနှုန်းပြည့်အောင်မြင်အောင် မဆောင်ရွက်နိုင်ခြင်း မရှိကြောင်းနှင့် ၄င်းရည်မှန်းချက်များအား မဆောင်ရွက်နိုင်ခဲ့ခြင်းမှာလည်း အချိန် တိုတောင်းမှုကြောင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“အားမရတဲ့အပိုင်းကတော့ အခု နိုင်ငံတော်က ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေ ရာနှုန်းပြည့် မဆောင်ရွက်နိုင်တဲ့အပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ အဲဒီအပေါ်မှာလည်း ဆက်ပြီးတော့ ကြိုးစားရမှာပေါ့။ အခုက ငါးနှစ်သက်တန်းပဲ ရှိသေးတာကို။ ဆက်ပြီးတော့ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် ခင်ဗျားတို့ သိတဲ့အတိုင်းပဲ။ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းပြန်ကြည့်လိုက်ရင် လိုအပ်ချက်တွေက အလွန်များစွာရှိပါတယ်။ ရည်မှန်းချက်တွေ အောင်မြင်ဖို့ဆိုတာကတော့ ဒီလောက် ကာလအတိုင်းအတာလေးနဲ့ အချိန်တိုအတော့တွင်းမှာ ဖြစ်နိုင်ဖို့ဆိုတာတော့ မလွယ်ဘူး။ အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့လုပ်ကြမယ်ဆိုရင်တော့ ဒီလိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေအားလုံး အဆင်ပြေမှာပါ” ဦးညီပုက ပြောသည်။

၇၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ယနေ့ နံနက်က စစ်တွေမြို့ ဓညဝတီဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦိးညီပုက မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...