တီးတိန်မြို့တွင် ကိုဗစ်ပိုးရောဂါကူးစက်ခံရသူနှင့် ထိတွေ့သူထဲမှ (၉) ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိ

တီးတိန်မြို့တွင် ကိုဗစ်ပိုးရောဂါကူးစက်ခံရသူနှင့် ထိတွေ့သူထဲမှ (၉) ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီးထန်းကျေးရွာတွင် ကိုဗစ်ပိုးတွေ့ရှိသူနှင့်ထိစပ်ပြီး ကွာရန်တင်း ဝင်ရောက်နေသူထဲတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ (၉) ဦးထပ်မံတွေ့ရှိကြောင်း တီးတိန်မြို့ ကိုဗစ်-၁၉ Volunteer အဖွဲ့ မှ ကိုမုန်နိုးကပြောသည်။

“(၉) ယောက်ထပ်တွေ့တယ်၊ တွီးထန်ကပါ၊ အရင်တခေါက်ဟားခါးမှာ ကိုဗစ်ပိုးတွေ့တဲ့ ကလေးထိန်းတယောက်လေ သူက တွီးထန်းထိသွားတယ်ဆိုတော့၊ သူနဲ့ထိစပ်တဲ့သူက (၃၂) ယောက်ရှိတယ်၊ သူတို့ကို FQ အကုန်ဝင်ခိုင်းတာ၊ သူတို့အားလုံးကမိသားစုအသိုင်းအဝိုင်းကပဲလို့သိရတယ်၊ ခုပိုးတွေ့တဲ့သူတွေကို ဆေးရုံကိုခေါ်နိုင်မယ်မထင်သေးဘူး၊ သူတို့ကိုထားမဲ့အခန်းတွေပြင်ဆင်ပြီးမှ တွီးထန်ကနေခေါ်မယ်ထ ယ်ခုတွီးထန်မှာပဲရှိသေးတယ်” ဟု ကိုမုန်နိုးကပြောသည်။

အဆိုပါပိုးတွေ့လူနာ (၉) ဦးမှာ တွီးထန်းကျေးရွာတွင်နေထိုင်သူများဖြစ်ကြပြီး ဒီဇင်ဘာလ (၁၆) ရက်နေ့မှ တီးတိန်မြို့တွင်အလည်ခရီးသွားရောက်ပြီး ဟားခါးမြို့ Centre တည်းခိုခန်းတွင် Facility Quarantine ဝင်ပြီး ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့်ထိစပ်ခဲ့သူများ ဖြစ်ကြကာ ၎င်းနှင့်ထိစပ်သူ (၃၂) ဦးထိရှိခဲ့ပြီး ၎င်းတို့ကို တွီးထန်းကျေးရွာတွင် Facility Quarantine ထားရှိခဲ့ပြီး (၉) ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့နယ်နှင့် တွီးထန်ကျေးရွာတို့တွင် ကိုဗစ်ပိုး ဒေသအတွင်းကူးစက်မှု မြင့်တက်လာသည့်အတွက် Stay at Home ချမှတ်မည်ဆိုပါက ဒေသအတွင်းကူးစက်မှုနှုန်း ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဟု ကိုမုန်နိုးကဆက်ပြောသည်။

“တီးတိန်မြို့နယ်မှာ တွီးထန်ကျေးရွာကဖြစ်များနေတာဆိုတော့ အရင်တုန်းက ကပ်တဲလ်ကျေးရွာကို lock down ချသလိုမျိုးလုပ်ရင် ပိုးပြီးတော့မှ ကူးစက်နှုန်း ထိန်းချုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ မြို့ပေါ် မှာက Stay at Home လုပ်ဖို့ တော်တော်လေးကို သင့်တော်နေတဲ့အခြေအနေဖြစ်နေတယ် ကူးစက်မှုနှုန်းကလည်း တအားမြန်နေပြီဆိုတော့ ၂ ပတ်လောက် Stay at Home ထားမယ်ဆိုရင် ကူးစက်မှု နည်းနည်းလေးသက်သာမယ်လို့ထင်တယ်၊ ခရစ္စမတ်နှင့်နှစ်သစ်ကူးလဲ ရောက်လာတော့မယ်ဆိုတော့ Stay at Home မထားရင်တော့ ဒေသအတွင်းကူးစက်မှု၊ ရောဂါပြန့်ပွားနှုန်းက တော်တော်လေးကို ဒီထက်အဆမတန်တိုးများလာမယ်လို့ထင်တယ်” ဟုပြောသည်။

တီးတိန်မြို့တွင်လက်ရှိအချိန်ထိ ကိုဗစ်ပိုးကူးစက်ခံရသူ (၅၄) ဦးအထိရှိပြီး ဆေးကုသမှုခံယူနေဆဲ (၁၇) ဦးနှင့် ကွာရန်တင်းဝင်နေသူ (၁၈၈) ဦးရှိကြောင်းသိရသည်။

ချင်းပြည်နယ်တွင်ကိုဗစ်ကူးစက်၊ ပြန့်ပွားမှု တိုးများလာသောကြောင့် ပြည်သူများအနေဖြင့် အခြား မည်သည့်ဒေသမှဝင်ရောက်လာသည်ဖြစ်စေ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...