ဖမ်းဆီးခံရခိုင်တက္ကသိုလ်ကျောင်းသား ၄ဦးကိုရုံးမထုတ်ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ဖမ်းဆီးခံရခိုင်တက္ကသိုလ်ကျောင်းသား ၄ဦးကိုရုံးမထုတ်ဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ဇော်ဝင်းဌေး — အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် စစ်တွေမှ ကျောင်းသား ၄ ဦး၏ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါကျောင်းသားများကို ယမန်နေ့ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ရမည်ဖြစ်သော်လည်း ရုံးထုတ်ခဲ့ခြင်းမရှိခဲ့ဘဲ ဒီဇင်ဘာ ၂၉ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်း လိုက်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ကိုဗစ်ကြောင့်မို ့ရုံးမထုတ်ခဲ့ပါဘူး။ ရုံးထုတ်မယ့့်ရက်ကို နောက်ထပ် နှစ်ပတ် ရွှေ့ဆိုင်းသတ်မှတ်လိုက်ပါတယ်။ ရုံးမထုတ်နိုင်တော့ အချုပ်တရားခံတွေဘက်က အရမ်းနစ်နာရတယ်” ဟု ၄င်းက နိရဥ္စရာသတင်းဌာနသို ့ပြောသည်။

ဖမ်းဆီးခံထားရသည့် ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည် ကျောင်းသား သမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေး ကောလိပ် ကျောင်းသားသမဂ္ဂ တွဲဘက် အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရက္ခိုင် ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

၄င်းတို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်က ကျောင်းသားများ၊ ရဟန်း သံဃာတော်များ၊ ဒေသခံပြည်သူ ၁၀၀ ခန် ့နှင့်အတူ စစ်တွေမြို့လမ်းမများပေါ်တွင် အစိုးရအား အလိုမရှိ၊ လူသတ် စစ်တပ် အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ် အစိုးရတို ့ကို အလိုမရှိစသည့် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည့််အတွက် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဖမ်းဆီးခံကျောင်းသားများကို ပြန်လွှတ်ပေးစေလိုသည်ဟု ပြောသည်။

“နိုင်ငံရေးအကူးအပြောင်း ကာလကိုရောက်လာနေတာကြာင့် တစ်နိုင်ငံလုံးမှာ ဖမ်းဆီးထားတဲ့ ကျောင်းသား တွေကို ပြန်လွှတ်ပေးစေချင်ပါတယ်”ဟု ပြောသည်။

၄င်းတို့ ၄ ဦးကို အစိုးရအား ဆန့်ကျင်ဆန္ဒပြသည့်အတွက် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ)ဖြင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...