NLD ဝန်ကြီးချုပ်များက ရပ်/ကျေးဥက္ကဋ္ဌများအား ကျပ်သိန်း (၂၀၀) စီပေးခဲ့ဟု ဝန်ခံဆိုတဲ့ သတင်းမှားများထွက်ပေါ်

NLD ဝန်ကြီးချုပ်များက ရပ်/ကျေးဥက္ကဋ္ဌများအား ကျပ်သိန်း (၂၀၀) စီပေးခဲ့ဟု ဝန်ခံဆိုတဲ့ သတင်းမှားများထွက်ပေါ်
by -
Hintha

"NLD ဝန်ကြီးချုပ်များက ရပ်/ကျေးဥက္ကဋ္ဌများအား ကျပ်သိန်း (၂၀၀) စီပေးခဲ့ဟု ဝန်ခံ" ခဲ့တယ်ဆိုတဲ့ သတင်းမှားတစ်ပုဒ်ကို Thandar Shwe Yi ဆိုတဲ့ account က ဒီဇင်ဘာ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၂ မိနစ်မှာ တင်ခဲ့ပါတယ်။

ဒီသတင်းကို ပြန်လည်ဖြန့်ဝေသူ ၂၁၁ ဦိရှိခဲ့ပြီး React ပြုလုပ်သူကတော့ ၁၉၀ ကျော်ရှိပါတယ်။

သတင်းအမှားမှာပါတဲ့အကြောင်းအရာကတော့ ၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ NLD အစိုးရ၏ ဝန်ကြီးချုပ်များဝင်ရောက်ယှဉ်ပြိုင်သော မဲဆန္ဒနယ်အတွင်း၌ရှိသော ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုးများအား ရွေးကောက်ပွဲမကျင်းပမှီ တလအလို အောက်တိုဘာလအတွင်းတွင် ကျပ်သိန်း (၂၀၀) စီပေးခဲ့ကြောင်း သိရသည်လို. ဖော်ပြထားပါတယ်။

ဒီသတင်းမှာပါတဲ့ သတင်းရင်းမြစ်ကလည်း RFM ကိုဖြေကြားပေးထားပါတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီနေရာမှာ သတင်းအတွက် ရည်ညွှန်းထားတဲ့ RFM  သတင်းဌာနဆိုတာဟာ သတင်းတု/သတင်းမှားတွေကိုဖြန့်ဝေနေတဲ့ အကောင်အထည်မရှိတဲ့ (account ၊ Page စသဖြင့်) သတင်းဌာနဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ Myanmar Now၊ Frontier Myanmar  သတင်းဌာနတွေက ဖော်ပြထားပြီးသားဖြစ်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုဝင်ကြည့်မယ်ဆိုရင် RFM သတင်းဌာနအကြောင်းကို သိနိုင်ပါတယ်။

ဒါကြောင့် နောက်နောင် ဒီသတင်းဌာနကို ခရက်ဒစ်ပေးထားတဲ့သတင်းတွေကို သတိထားပြီး ဝေဖန်ဆန်းစစ်နိုင်ဖို့ တင်ပြလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...