ဆရာမတစ်ဦးကို ၃ သိန်း၊ ၅ သိန်းရရှိကြောင်း ဝန်ခံတယ်ဆိုတဲ့ သတင်းမှားထွက်ပေါ်

ဆရာမတစ်ဦးကို ၃ သိန်း၊ ၅ သိန်းရရှိကြောင်း ဝန်ခံတယ်ဆိုတဲ့ သတင်းမှားထွက်ပေါ်
by -
Hintha

“ဆရာမတစ်ဦးကို နိူဘာလ (၈) တရက်တည်းနဲ့ ၅ သိန်းကြိုပေးထားတာပေါ် အချို့ဒေသ ၃ သိန်းဟု ကြိုသိနေတာမယုံ ခုတော့ ပေါ်ပီ ကာပေးလို့တောင်မရဝန်ခံထွက်ဆို။

ဒီကိစ္စအတွက် ကလေးတွေမသိလို့ မှားတယ်ဆိုပြီး NLD ပါတီမှ တောင်းပန်ရာ ဒု-တပ်ချုပ်က ဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွှက်မည် ဖြစ်ကြောင်း ဖြေကြားလိုက်သည်။ ပုံ/ပေါ်ဦး (ပင်လယ်ပျော်)” ဆိုတဲ့သတင်းတစ်ပုဒ် လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။

ပေါ်ဦးဆိုတဲ့ account က ဒီဇင်ဘာ ၆ ရက်နေ့ မွန်းတည့် ၂၁ နာရီ ၅၁ မိနစ်မှာ ဒီပို့စ်ကိုတင်ခဲ့တာပါ။

တိုက်ရိုက်ပြန်လည်ဖြန့်ဝေသူ ၁၇၀၀ ကျော်ရှိခဲ့ပြီး ကော်ပီကူးပြီး ပြန်တင်ကြတဲ့သူတွေလည်း ရှိပါတယ်။

React ပြုလုပ်သူ ၁၃၀၀ ကျော်ရှိခဲ့တဲ့ ဒီပို့ရဲ့ပြန့်နှံ့မှုနှုန်းက ကြီးမားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မဲရုံမှူးပြုလုပ်ခဲ့ပြီး တရားစွဲဆိုမှုခံရတဲ့ ဆရာ၊ ဆရာမတွေကို ကူညီနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ရဲ့အတွင်းရေးမှူး ဦးဇော်မျိုးလှိုင်က “ကျွန်တော်တို့ ဆရာ၊ ဆရာမတွေက ဘာကိုဝန်ခံရမှာလဲ။ ဘာမှမလုပ်ထားဘဲနဲ့ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ခဲ့တာကို ဝန်ခံရမှာလား အခြေအမြစ်မရှိတဲ့သတင်းတွေ ဒီလောက်ပြန့်တာ အံ့သြစရာပဲ” လို့ ပြောပါတယ်။

ပေါ်ဦးရဲ့ပို့စ်မှာပါဝင်နေတဲ့ NLD ပါတီက တောင်းပန်တယ်ဆိုတဲ့ သတင်းဟာလည်း တရားဝင်သတင်းဌာနတွေမှာ ဖော်ပြထားခြင်းမရှိသလို ဘယ်နေရာ၊ ဘယ်အချိန်မှာ ပြောကြားတောင်းပန်ခဲ့ပြီး ဒု-တပ်ချုပ်က ဘာကြောင့် ဒီလိုတုန့်ပြန်ခဲ့တယ် စသဖြင့်သော အချက်အလက်တွေ တိတိကျကျ ပါရှိမှုမရှိခြင်းတွေက သတင်းမှားဖြစ်တယ်ဆိုတာကို မြင်သာနိုင်ပါတယ်။ 

ရွေးကောက်ပွဲမှာ မဲရုံတာဝန်ကိုထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ ဆရာမ ၁၀၀ ကျော်ကို မြို့နယ်ပေါင်း ၇၀ ကျော်မှာ ပါတီအသီးသီးက တရားစွဲဆိူမှုတွေရှိနေပြီး ရွေးကောက်ပွဲဥပဒေနဲ့ တရားစွဲခံထားရသူ ၆ ဦးရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။

သတင်းတွေကို အောက်ကလင့်ခ်တွေမှာကြည့်နိုင်ပါတယ်။  

-    (https://cutt.ly/vhWI5rF)

-    (https://cutt.ly/UhWOrTX)။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲရုံမှာ တာဝန်ကျခဲ့တဲ့ ဆရာ၊ ဆရာမတွေကို မဲလိမ်၊ မဲခိုးမှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အချက်အလက်အမှားတွေနဲ့ သတင်းတုတွေ ခပ်စိတ်စိတ်မြင်တွေ့နေရပါတယ်။ 

တပ်မတော်ကလည်း တပ်မတော်သားတွေမဲပေးခဲ့တဲ့ မဲရုံတွေကို ပြန်လည်စစ်ဆေးမှုပြုလုပ်ခဲ့တယ်ဆိုတာကြောင့် အခုလိုမျိုးသတင်းမှားတွေကို ရုတ်တရက်မှာ အမှန်လို့ထင်မြင်ယူဆနိုင်ဖွယ်ရှိတဲ့အတွက် ယခုလို ပြန်လည်စိစစ်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...