RRCCI မှထောက်ပံ့သည့် စောင်နှင့်အဝတ်အစား အထည် ၅၀၀၀ ပလက်ဝသို့ရောက်ရှိ

RRCCI မှထောက်ပံ့သည့် စောင်နှင့်အဝတ်အစား အထည် ၅၀၀၀ ပလက်ဝသို့ရောက်ရှိ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) မှ ထောက်ပံ့ပေးပို့ထားသည့် စောင်နှင့်အဝတ်အစား အထည် ၅၀၀၀ ပထမအသုတ်အဖြစ် ဒီဇင်ဘာ ၇ ရက် ယနေ့မနက်ပိုင်းက ပလက်ဝမြို့သို့ရောက်ရှိပြီဟု RRCCI မှ မနန်းဝေထံမှ သိရသည်။

“ဒီပလက်ဝကိုတော့ဒီနေ့မနက်ရောက်တယ်လို့သိရတယ်။ ဒီမနက် ရောက်တာကစုစုပေါင်းအထည် ၅ဝဝဝလောက် တော့ရှိမယ်၊ ဒါပေမယ့်အဲ့တခေါက်ကတော့ အိမ်နေရင်း သူများတွေ အသုံးပိုနေတဲ့ အဝတ်အစားတွေပို့ပေးတာများတာပေါ့၊ အခုမနေ့ကပို့ပေးတာက အသစ်တွေကြီးပဲ နောက်ထပ်ပို့မဲ့ဟာတွေလည်း အကုန်အသစ်တွေကြီးပဲ။ ဝယ်တာက ကျွန်မတို့ နည်းနည်းတဖက်ကို တဖက် စက်ရုံဖက်ကနေ ပြန်ဝယ်ရတဲ့အခါမှာ အချိန်စောင့်ဆိုင်းရတာ တွေရှိတယ်၊ ပထမတခေါက်က ရန်ကုန်မြို့အတွင်းကောက်ခံရရှိတဲ့ တနိုင်ငံလုံး ၊အနယ်နယ်အရပ်ရပ်က ပို့ပေးတဲ့ ဟာအပိုပစ္စည်းတွေ အဝတ်အထည်တွေကိုပြန်လှူနိုင်တဲ့ အထည်တွေက ၅ဝဝဝလောက်ရှိ တယ်။”ဟု မနန်းဝေမှပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် RRCCI မှ စောင်နှင့်အနွေးအထည်များကို အသုတ်လိုက်ဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ပထမသုတ်တွင် ၅၀၀၀၊ ဒုတိယတွင် ၆၀၀၀၊ တတိယတွင် ၃၀၀၀ နှင့် စတုတ္ထအသုတ်တွင် ၄၀၀၀ စီပို့ဆောင်ပေးခဲ့သည်။ ယနေ့ပလက်ဝမြို့သို့ရောက်ရှိသော အဝတ်အထည် ၅၀၀၀ မှာ ပထမအသုတ်တွင် ပို့လိုက် သည့်အဝတ်အထည်များဖြစ်ပြီး ကျန်အဝတ်အထည်များမှာ လမ်းခရီးတွင်ရှိနေသေးသည်ဟုသိရသည်။

RRCCI အနေဖြင့် ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စောင်နဲ့အနွေးအထည်များ တာဝန်ယူကာ အလှူခံ ပေးပို့ပေးနေခြင်းဖြစ်ပြီး စောင်နှင့် အနွေးအထည် ၈၀၀၀ ဝန်းကျင်နှင့် ဆန်အိတ် ၁၀၀ ပေးပို့ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

မနန်းဝေမှ ဆက်ပြီး “ဟိုမှာရှိတဲ့စစ်ဘေးရှောင်တွေက ၁သောင်းကျော်ရှိတယ်။ အခုရတာက အထည်၂၀၀၀၀ လောက်ဖြစ်နေတဲ့အခါကြတော့ လောက်မှာပါ။ ပြည်နယ်အစိုးရက လည်း အထည်၁ဝဝဝပို့ထားတယ်လို့ သိရတယ်လေအရင်ပေါ့။ ပထမတခေါက်တုန်း ကပြည်နယ် အစိုးရကပို့ပေးထားတဲ့၁ဝဝဝရှိတယ်၊ အခုကျမတို့ပို့ပေးတာ ၂ဝဝဝဝဆိုတော့ လုံလောက်မှု့ရှိမယ်လို့ ထင်တယ်။အကုန်လုံးရောက်သွားရင်ပေါ့” ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) နှစ်ဘက် စစ်ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် စစ်ရှောင်နေရသူ ၁၀၀၀၀ ဝန်းကျင်ရှိပြီး ဆောင်းတွင်ဝင်လာသဖြင့် အနွေးအထည်နဲ့ စောင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...