မဲစာရင်းအမှားများ စစ်ဆေးပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်းမှားများထွက်ပေါ်

မဲစာရင်းအမှားများ စစ်ဆေးပေါ်ပေါက်နေတယ်ဆိုတဲ့ သတင်းမှားများထွက်ပေါ်
by -
Hintha

ဘယ်သူတွေက စစ်ဆေးနေမှန်းမသိရဘဲ မဲရုံတွေမှာ စစ်ဆေးတွေ့ရှိတဲ့ မဲစာရင်းပိုနေ၊ မှားနေမှုတွေဆိုပြီး သတင်းမှားဖြန့်ဝေမှုတွေ ရှိနေပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွေက စစ်ဆေးတွေ့ရှိရတဲ့ မဲစာရင်းအမှားတွေဆိုပြီး  ပေါ်ဦးဆိုတဲ့ account က ဒီဇင်ဘာ ၃ ရက်နေ့မှာ တင်ခဲ့ပါတယ်။

စာရင်းစာရွက်လို့ယူဆရတဲ့ စာရွက်တစ်ချို့နဲ့အတူတွဲတင်ခဲ့တဲ့ ဒီပို့စ်တွေကို ပြန်လည်ဖြန့်ဝေသူတွေ ၃၀၀ ကျော်ကနေ ၄၀၀ ကျော်အထိရှိခဲ့ပါတယ်။ 

(ဖော်ပြချက် စ ဆုံး၊ မူရင်းအတိုင်း)

"ရွှေပြည်သာမြို့နယ်ရဲ့ မဲစာရင်းတွေမှာကတော့ မှတ်ပုံတင်မရှိသူ/ပျက်စီးပျောက်ဆုံး/လျောက်ထားဆဲ/မှတ်ပုံတင်ထပ်သူ စုစုပေါင်း လူဦးရေဟာ ၄၃၆၃၀ ဦး.ရှိပါသတဲ့... ဒါဟာ..မြို့နယ်တစ်ခုပဲရှိသေးတာ ဖြစ်တယ်။ ဒီလိုသာဆိုရင်တော့ အခုသန်းကျော်ပိုတာ ဆန်းသလား ဗျ"

ဒီစာသားအပြင် ဇယားကွက်လေးခုနဲ့ ယှဉ်တွဲဖြန့်ဝေထားတာပါ 

သူရေးသားထားတဲ့အထဲမှာ မှတ်ပုံတင်မရှိသူ/ပျက်စီးပျောက်ဆုံး/လျောက်ထားဆဲ/မှတ်ပုံတင်ထပ်သူတုိ့ရဲ့ စာရင်းဆိုပြီးရေးသားထားပါတယ်။

ဒါပေမယ့် ဒီကိစ္စတွေဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကော်မရှင် အသီးသီးက ပြန်လည်စစ်ဆေးတာတွေ အမှားပြင်တာတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂ ရက်ကစပြီး မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲဆန္ဒရှင်ဦးရေ၊ မဲလာပေးသူဦးရေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ မဲရရှိမှု စတဲ့အချက်အလက်တွေကို နေ့စဉ်ဖော်ပြပေးနေပါတယ်။

ဒါကြောင့် စာရင်းတွေကို တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။ 

UEC ရဲ့ တရားဝင်စာမျက်နှာကို ဒီမှာကြည့်ပါ ( https://cutt.ly/Phv4DdT )။

ယခင်ကဖြစ်ပေါ်ခဲ့တဲ့ သတင်းအချက်တွေအပေါ်အခြေခံပြီး ရွေးကောက်ပွဲနေမှာ ဖြစ်ခဲ့သယောင် သတင်းလွှင့်ခြင်း၊ စာရင်းဇယား ဓာတ်ပုံများ ပါရှိနေခြင်းကြောင့် ရုတ်တရက် သတင်းမှန်လို့ ထင်ယောင်ထင်မှားဖြစ်နိုင်ပါတယ်။ 

ဒါကြောင့် မဲစာရင်းတွေပိုနေတယ်၊ ကွာဟနေတယ်၊ မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေကို UEC က တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါလို့ တင်ပြလိုက်ရပါတယ်...

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...