ICRC အကြီးအကဲကို နေရပ်ပြန်စစ်ရှောင်များကိုကူညီရန် ရခိုင်လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

ICRC အကြီးအကဲကို နေရပ်ပြန်စစ်ရှောင်များကိုကူညီရန် ရခိုင်လွှတ်တော်ဥက္ကဋ္ဌတိုက်တွန်း

ထွန်းခိုင် — အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) စစ်တွေရုံးတာဝန်ခံ အကြီးအကဲ Ms Wendy Fleury ကို နေရပ်ပြန်ရခိုင်စစ်ဘေးရှောင်များအားကူညီရန် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက တိုက်တွန်းလိုက်သည်။

ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လာရောက်တွေ့ဆုံစဉ် (ICRC) အကြီးအကဲကို ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

"တိုက်ပွဲရှောင်တွေက အခုလတ်တလောမှာ နယ်မြေအေးချမ်းသွားတဲ့အတွက်  မိမိနေရပ်ဒေသတွေကို တချို့ကလည်း ပြန်သွားကြတယ်။ ပြန်သွားကြတဲ့အချိန်မှာ သူတို့အိမ်တွေက ပျက်စီးနေတာတွေရှိတယ်။ ဒါကြောင့် အဲဒီ အိမ်တွေကို ပြင်ဖို့အတွက် ငွေးရေး၊ ကြေးရေးတွေလိုအပ်တယ်။ နောက်ပြီးလောလောဆယ်မှာ စားရေး၊ သောက်ရေး အခက်အခဲဖြစ်ဖို့ဆိုတာတွေကိုလည်း ဥက္ကဋ္ဌကြီးက ပြောပြလိုက်တယ်။ ဒါတွေကိုလည်း သူတို့ကတော့ အတတ်နိုင်ဆုံး စိစစ်ပြီးတော့ ထောက်ပံ့ပေးမှုတွေ ဆောင်ရွက်ဖို့အကြောင်းကို အထက်ကို တင်ပြသွားမယ်လို့ ပြောသွားတယ်˝ ဟု ပြောသည်။

ICRC အကြီးအကဲမှ စစ်ဘေးရှောင်များအား အကူအညီပေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

“ အဓိကတော့ တိုက်ပွဲရှောင်စခန်းတွေကို ICRC ကသွားပြီးတော့ ထောက်ပ့ံ ပေးနေတာတွေကို ရှင်းပြတာ။ နောက်ပြီးတော့ ရသေ့တောင်ဘက်ကိုသွားတဲ့ စက်လှေ ပစ်ခတ်ခံရတာတွေနဲ့ ပတ်သက်ပြီးတော့ စိတ်မကောင်းဖြစ်တာတွေကို ပြောပြတယ်˝ ဟုပြောသည်။

ယခုလိုမျိုး စစ်ဘေးရှောင်များအား အကူအညီပေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ICRC အား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ယခုထက် ပိုပြီးဆောင်ရွက်မှုများပြုလုပ်ပေးရန် လွှတ်တော်ဥက္ကဋ္ဌက တိုက်တွန်းပြောခဲ့ဆိုသည်ဟု ဦးမြသန်းက ဆက်ပြောသည်။

နေရပ်ပြန်သွားသော စစ်ဘေးများအား ICRC အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနှင့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယခုလတ်တလောကာလတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်မှာ မိမိနေရပ်ဒေသသို့ ပြန်သွားခဲ့ကြကြောင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထံမှတဆင့် သိရှိရသည်။

(Photo by U San Myat Shwe)

ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...