ရွေးကောက်ပွဲပြန်မလုပ်ရင် ပြည်ခိုင်ဖြိုးကအနိုင်ရသူတွေ နုတ်ထွက်မယ်ဆိုတဲ့ သတင်းမှားထွက်ပေါ်

ရွေးကောက်ပွဲပြန်မလုပ်ရင် ပြည်ခိုင်ဖြိုးကအနိုင်ရသူတွေ နုတ်ထွက်မယ်ဆိုတဲ့ သတင်းမှားထွက်ပေါ်
by -
Hintha

ရွေးကောက်ပွဲပြန်မလုပ်ပေးရင် ပြည်ခိုင်ဖြိုး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တတိယအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေက နုတ်ထွက်ပါတော့မယ်ဆိုတဲ့ သတင်းမှားတစ်ခု ထွက်ပေါ်နေပါတယ်။ 

ဒီသတင်းမှားကို Union Politics ဆိုတဲ့ FB Page တစ်ခုကနေ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၁၁ နာရီ ၃၆ မိနစ်မှာ တင်ခဲ့တာပါ။

ပြန်လည်ဖြန့်ဝေသူပေါင်း ၂၆၀ ရှိခဲ့ပြီး ဒီသတင်းမှားကိုပဲ Share နဲ့ ပြန်လည်ဖြန့်ဝေတာမဟုတ်ဘဲ Copy ယူပြီး ပြန်လည်ဖြန့်ဝေသူတွေလည်း ရှိပါတယ်။ 

ဓာတ်ပုံတွေပါဝင်တဲ့ သတင်းမှားမူရင်းပို့စ်ကို ဒီမှာကြည့်ပါ (https://cutt.ly/Phv0qLp)

ဒီသတင်းကတော့ သတင်းမှားဖြစ်ပါတယ်။ လတ်တလောမှာ ဒီသတင်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပါတီဘက်က တစ်စုံတရာ ထုတ်ပြန်ကြေညာထားခြင်းမရှိပါဘူး။ ဒါ့အပြင်  သတင်းမီဒီယာ လုပ်ငန်းစဥ◌်အတိုင်း လုပ်ဆောင်နေကြတဲ့ သတင်းမီဒီယာတွေမှာလည်း ဒီသတင်းကိုဖော်ပြထားတာမျိုး မရှိပါဘူး။

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက "ဒါက သတင်းအမှားပါ။ ကျွန်တော်တို့ဘက်ကနေ ဒါနဲ့ပတ်သက်လို့ ဘာမှပြောထားတာ မရှိသလို ဒီသတင်းကလည်း မဟုတ်ပါဘူး " လို့ ဟင်္သာမီဒီယာရဲ့ သတင်းတု/သတင်းမှား စိစစ်ရေးအဖွဲ့ကို ဒီဇင်ဘာ ၄ နေ့လယ်မှာ ဖြေကြားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ တရားဝင်ပေ့ချ် ကိုဒီမှာကြည့်ပါ ( https://cutt.ly/Fhv0heA )

Union Politics ဆိုတဲ့ ပေ့ချ်မှာတင်ထားတာတွေကို လေ့လာကြည့်မယ်ဆိုရင် တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အားပေးထောက်ခံတဲ့ ပေ့ချ်ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။  ရွေးကောက်ပွဲအပြီးမှာ ခုလို  နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေပါတယ်။ 

ဒါကြောင့် ဒီသတင်းမှန်/မမှန်ကို စာဖတ်သူများ ကိုယ်တိုင်လည်း သတိပြုမိ စိစစ်စစ်ဆေးနိုင်ဖို့ တင်ပြလိုက်ရပါတယ်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...