“တပ်မတော်က မဲဝယ်ပြီး သမ္မတဖြစ်ဖို့ကြိုးစားနေတယ်” ဆိုတဲ့ သတင်းအမှား

“တပ်မတော်က မဲဝယ်ပြီး သမ္မတဖြစ်ဖို့ကြိုးစားနေတယ်” ဆိုတဲ့ သတင်းအမှား
by -
KMG

ချင်းပြည်နယ် မတူပီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးပါထန်းက “တပ်မတော်က မဲဝယ်ပြီး သမ္မတဖြစ်ဖို့ကြိုးစားနေတယ်" ဆိုပြီး ဦးပါထန်းပုံနဲ့ နောက်ခံစကားပြော Video File သတင်းအမှားတစ်ပုဒ်ကို နိုဝင်ဘာ (၂၁) ရက်နေ့ က Yinyin Shwe အကောင့်ကနေ Matupi Olthang Group မှာတင်ထားတာဖြစ်ပါတယ်။

Matupi Olthang Group အဲဒီပိုစ်ဟာ ပြည်နယ်လွှတ်တော် ဦးပါထန်းရဲ့ နိုင်ငံရေးမဲဆွယ်မှုဆိုပြီး အစပြုထားပြီး အဲဒီအောက်မှာ ဆက်ရေးထားတာကတော့ တပ်မတော်က မဲဝယ်ပြီး သမ္မတဖြစ်ဖို့ကြိုးစားနေတယ်၊ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ရင်တောင်မှ Federal Democracy မဖြစ်နိုင်ဘူး ဒါကြောင့်မပြင်တာတဲ့" လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မတူပီမြို့မှာနေတဲ့ ချင်းပြည်နယ် NLD ပါတီအောင်နိုင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဘူဖွေးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဒီကိစ္စဟာ သတင်းအမှားတစ်ခုသာဖြစ်တယ်လို့ပြောပါတယ်။

“ဦးပါထန်းအနေနဲ့ တပ်မတော်က မဲဝယ်ပြီး သမ္မတဖြစ်ဖို့ကြိုးစားနေတယ် ဆိုတဲ့စကားက လုံးဝမပြောခဲ့ပါဘူး၊ ကြားလည်းမကြားမိဘူး၊ ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး သူဆွေးနွေးဖူးတာတော့ရှိပါတယ်။ အဲ့ပုဒ်မ ၂၆၁ ပြင်မယ့်အတူတူ ပုဒ်မ ၂၆၁ နဲ့ဆက်စပ်တဲ့ ဥပဒေတွေကို ပြင်တယ်ဆိုရင်တော့ ကျနော်တို့ရဲ့ Federal Democracy အရေးပိုပြီးမြန်ဆန်မယ်။ ဒါကြောင့် ပုဒ်မ ၂၆၁ ကိုပဲကွက်ပြီးမှ ပြင်မယ်ဆိုရင်တော့ Federal Democracy ရရှိဖို့ ဒါလေးနဲ့မဖြစ်နိုင်ပါဘူးဆိုပြီးတော့ ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ (Free Discussion) မှာ ဆွေးနွေးခဲ့တာပါ ရွေးကောက်ပွဲမဲဆွယ်တဲ့နေရာမှာ ပြောခဲ့တာမဟုတ်ပါဘူး” လို့ ဦးဘူဖွေးကပြောပါတယ်။

ဦးပါထန်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မတူပီမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ မှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ ဦးပါထန်းအပေါ် မဟုတ်မမှန်သတင်းတွေနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု ပိုများလာတာတွေ့ရပြီး သူ့အနေနဲ့လည်း ပြန်လည်ဖြေရှင်းတာမျိူး မလုပ်ချင်တော့ဘူးလို့ ပြောဆိုထားပါတယ်။

ဒီ Video သတင်းအမှားကို ကြည့်ရှုသူ (2K) အထိရှိခဲ့ပြီး Like & React ပြုလုပ်သူ (65) ဦး ပြန်လည်မျှဝေသူ (33) ဦးထိရှိခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှ သတင်းအမှားတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံနေတဲ့အတွက်ကြောင့် သတင်းတိုင်းကိုမယုံကြဖို့ သတိပေးပါရစေ။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...