မတူပီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးပါထန်းက ဦးကိုနီအသတ်ခံရအကြောင်းအရင်း NLD အတွက် မဲဆွယ်ရာတွင်ရှင်းပြချက်ဆိုတဲဲ့ သတင်းအမှား

မတူပီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးပါထန်းက ဦးကိုနီအသတ်ခံရအကြောင်းအရင်း NLD အတွက် မဲဆွယ်ရာတွင်ရှင်းပြချက်ဆိုတဲဲ့ သတင်းအမှား
by -
KMG

ချင်းပြည်နယ် မတူပီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးပါထန်းက ဦးကိုနီအသတ်ခံရအကြောင်းအရင်း NLD အတွက် မဲဆွယ်ရာတွင်ရှင်းပြချက်ဆိုတဲဲ့ ဦးပါထန်းဓာတ်ပုံပါ နောက်ခံ မတူဘာသာစကားပြောဗီဒီယိုနဲ့ သတင်းအမှားဟာ နိုဝင်ဘာ (၂၂) ရက်နေ့က YinyinShwe အကောင့်ကနေ MatupiOlthang Group မှာ တင်ထားတာဖြစ်ပါတယ်။

“ဦးသန်းရွှေဟာ USDP မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြင့်တင်မြောက်ဖို့ အစီအစဉ်ရှိကြပေမယ့် ဦးပါထန်းနဲ့ NLD တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံအနေနဲ့ တင်မြှောက်တာကြောင့် ဦးကိုနီအသတ်ခံရတယ်လို့” ဦးပါထန်းက မဲဆွယ်ရာမှာ ဟောကြားခဲ့တယ်ဆိုပြီး YinyinShwe အကောင့်ပိုင်ရှင်က MatupiOlthang Group မှာ ရေးသားထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မတူပီမြို့က ချင်းပြည်နယ် NLD ပါတီအောင်နိုင်ရေးအဖွဲ့ဝင် ဦးဘူဖွေးကို ဆက်သွယ်မေးမြန်းကြည့်တော့ ဦးပါထန်းအနေနဲ့ မဲဆွယ်တဲ့ကာလမှာ ဒီလိုစကားတွေ မပြောခဲ့ဘူးလို့ ပြောပါတယ်။

“မဲဆွယ်ကာလအတွင်းမှာ ဒီကိစ္စ ဒီလိုရှင်းပြချက်ထုတ်တယ်ဆိုတာကို တစ်ခုမှမတွေ့ရဘူး။ ပါတီအတွင်းမှာလည်း မဆွေးနွေးဘူးဆိုတော့ ဒီကိစ္စဟာ အတည်လို့ မယူဆစေချင်ဘူး၊ ဦးပါထန်းကို အများကြီးမေးမြန်ပါတယ်၊ ဒါပေမယ့် ဒီစကားကို သူမပြောဘူး၊ ဒါက သတင်းအမှားတစ်ခုသာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဦးပါထန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ “သတင်းအမှားတွေအများကြီးပြန့်နေတဲ့အတွက် ပြန်လည်မဖြေရှင်းချင်းတော့ဘူးလို့သာ” ဖြေကြားခဲ့ပါတယ်။

ဦးကိုနီအသတ်ခံရအကြောင်းအရင်း NLD အတွက်မဲဆွယ်ရာတွင်ရှင်းပြချက်ဆိုတဲဲ့ ဦးပါထန်းဓာတ်ပုံပါ နောက်ခံ မတူဘာသာစကားပြောဗီဒီယိုကို ကြည့်ရှုသူ (၅၇၅) ယောက်ရှိခဲ့ပြီး Like & React ပြုလုပ်သူ (၂၂) ယောက်ရှိခဲ့ပါတယ်။

ဦးပါထန်းဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မတူပီမြို့နယ်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ မှာ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီးအနိုင်ရရှိထားသူဖြစ်ပါတယ်။

သတင်းအမှားတွေဟာ Facebook စာမျက်နှာမှာ အလွယ်တကူပြန့်နှံနေတဲ့အတွက်ကြောင့် ယုံကြည်စိတ်ချရတဲ့သတင်းတွေကိုသာ ဖတ်ရှုကြပါ။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...