NLD အောင်နိုင်ရေး ရံပုံငွေထည့်ဝင်သည့် Company နဲ့ လုပ်ငန်းရှင်များရဲ့အမည်စာရင်းများကို တင်ဒါမဖွင့်ဖောက်ခင်တင်ပြကြဖို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌမှညွှန်ကြားဆိုတဲ့ သတင်းအမှား

NLD အောင်နိုင်ရေး ရံပုံငွေထည့်ဝင်သည့် Company နဲ့ လုပ်ငန်းရှင်များရဲ့အမည်စာရင်းများကို တင်ဒါမဖွင့်ဖောက်ခင်တင်ပြကြဖို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌမှညွှန်ကြားဆိုတဲ့ သတင်းအမှား
by -
KMG

ချင်းပြည်နယ် NLD အောင်နိုင်ရေး ရံပုံငွေထည့်ဝင်သည့် Company နဲ့ လုပ်ငန်းရှင်များရဲ့ အမည်စာရင်းများကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ တင်ဒါမဖွင့်ဖောက်ခင်တင်ပြကြဖို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌ မှ NLD မြို့နယ်အလုပ်အမှုဆောင်များကို ညွှန်ကြားဆိုတဲ့ သတင်းအမှားဟာ ၂၈/၁၁/၂၀၂၀ ရက်နေ့မှာ Salai Van Lian Thang ဆိုသူက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းမှာဖော်ပြထားသလို လွှတ်တော်ဥက္ကဌတစ်ဦးအနေနဲ့ NLD မြို့နယ်အလုပ်အမှုဆောင်များကို အဲဒီလိုညွှန်ကြားခဲ့ခြင်းမရှိကြောင်း ဒါဟာ တမင်ဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေးကပြောဆိုပါတယ်။

“အဲဒါက အဓိပ္ပာယ်မရှိတဲ့အရာပါ၊ လျှောက်ပြောတဲ့အရာ ချင်ပြည်နယ်တစ်ခုအနေနဲ့ မဖြစ်သင့်တဲ့အရာ အဲဒါက မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာလေ အဲ့ဒါ ဘယ်သူကပြောမလဲ၊ သူတို့တမင်ထွင်ကြံပြီးတော့ ပြောတဲ့ဟာဖြစ်တယ်၊ လူတွေက အကောင်းမြင်ဝါဒကိုမကြည့်ဘူး အဆိုးမြင်ဝါဒပဲ မဟုတ်က ဟုတ်ကတွေကိုပဲဖန်တီးပြီးတော့ လူတွေကို လိမ်လည်လှည့်ဖျားနေတယ်” လို့ ဦးဇိုဘွေးပြောပါတယ်။

ဒါကြောင့် Salai Van Lian Thang အကောင့်မှာ ရေးသားဖော်ပြထားတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌကို ရယ်ရွယ်တိုက်ခိုက်တဲ့ သတင်းတစ်ပုဒ်သာဖြစ်ပါတယ်။

အဲဒီသတင်းအမှားကို Like & React ပြုလုပ်သူ (၅၃) ဦးထိရှိခဲ့ပြီး ပြန်လည်မျှဝေသူ (၅၉) ဦးရှိခဲ့ပါတယ်။

သတင်းဖတ်ပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာဖတ်ရှုကြပါ။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...