NLD အောင်နိုင်ရေး ရံပုံငွေထည့်ဝင်သည့် Company နဲ့ လုပ်ငန်းရှင်များရဲ့အမည်စာရင်းများကို တင်ဒါမဖွင့်ဖောက်ခင်တင်ပြကြဖို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌမှညွှန်ကြားဆိုတဲ့ သတင်းအမှား

NLD အောင်နိုင်ရေး ရံပုံငွေထည့်ဝင်သည့် Company နဲ့ လုပ်ငန်းရှင်များရဲ့အမည်စာရင်းများကို တင်ဒါမဖွင့်ဖောက်ခင်တင်ပြကြဖို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌမှညွှန်ကြားဆိုတဲ့ သတင်းအမှား
by -
KMG

ချင်းပြည်နယ် NLD အောင်နိုင်ရေး ရံပုံငွေထည့်ဝင်သည့် Company နဲ့ လုပ်ငန်းရှင်များရဲ့ အမည်စာရင်းများကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ တင်ဒါမဖွင့်ဖောက်ခင်တင်ပြကြဖို့ ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဌ မှ NLD မြို့နယ်အလုပ်အမှုဆောင်များကို ညွှန်ကြားဆိုတဲ့ သတင်းအမှားဟာ ၂၈/၁၁/၂၀၂၀ ရက်နေ့မှာ Salai Van Lian Thang ဆိုသူက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းမှာဖော်ပြထားသလို လွှတ်တော်ဥက္ကဌတစ်ဦးအနေနဲ့ NLD မြို့နယ်အလုပ်အမှုဆောင်များကို အဲဒီလိုညွှန်ကြားခဲ့ခြင်းမရှိကြောင်း ဒါဟာ တမင်ဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေးကပြောဆိုပါတယ်။

“အဲဒါက အဓိပ္ပာယ်မရှိတဲ့အရာပါ၊ လျှောက်ပြောတဲ့အရာ ချင်ပြည်နယ်တစ်ခုအနေနဲ့ မဖြစ်သင့်တဲ့အရာ အဲဒါက မဖြစ်သင့်မဖြစ်ထိုက်တဲ့အရာလေ အဲ့ဒါ ဘယ်သူကပြောမလဲ၊ သူတို့တမင်ထွင်ကြံပြီးတော့ ပြောတဲ့ဟာဖြစ်တယ်၊ လူတွေက အကောင်းမြင်ဝါဒကိုမကြည့်ဘူး အဆိုးမြင်ဝါဒပဲ မဟုတ်က ဟုတ်ကတွေကိုပဲဖန်တီးပြီးတော့ လူတွေကို လိမ်လည်လှည့်ဖျားနေတယ်” လို့ ဦးဇိုဘွေးပြောပါတယ်။

ဒါကြောင့် Salai Van Lian Thang အကောင့်မှာ ရေးသားဖော်ပြထားတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌကို ရယ်ရွယ်တိုက်ခိုက်တဲ့ သတင်းတစ်ပုဒ်သာဖြစ်ပါတယ်။

အဲဒီသတင်းအမှားကို Like & React ပြုလုပ်သူ (၅၃) ဦးထိရှိခဲ့ပြီး ပြန်လည်မျှဝေသူ (၅၉) ဦးရှိခဲ့ပါတယ်။

သတင်းဖတ်ပြည်သူတွေအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာဖတ်ရှုကြပါ။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...