ဝန်ကြီးချုပ်ဝင်ပြိုင်သည့် ဂွမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် NLD အနိုင်ရ

ဝန်ကြီးချုပ်ဝင်ပြိုင်သည့် ဂွမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် NLD အနိုင်ရ

နှင်းနွယ်၊ မျိုးသီရိကျော် — ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဝင်ရောက်ယှဉ်ပြိုင်သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မဲဆန္ဒနယ်များအားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ မဲအနိုင်ရရှိနေပြီဖြစ်ကြောင်း အဆိုပါပါတီ၏ မဲရုံကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါမြို့နယ်ရှိ ဝန်ကြီးချုပ်ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) အပါအဝင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် စသည့် နေရာ(၄)ခုစလုံးတွင် လတ်တလောအခြေအနေထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က မဲအသာစီးရရှိနေကြောင်း NLD ပါတီ၏ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)မှ မဲရုံကိုယ်စားလှယ် ဦးရန်အောင်စိုးက DMG သို့ပြောသည်။

“မဲရလဒ်တွေအကုန်လုံးရဲ့ တစ်ဝက်ကျော်လောက်ကို ယူပြီးတော့ ရေတွက်လိုက်တဲ့အခါ NLD က အပြတ်အသတ်နိုင်နေတယ်။ စာရင်းတွေက တွက်နေရတုန်းပဲဆိုတော့ အကုန်လုံးကို အချက်အလက်တွေနဲ့ ပြောလို့မရသေးဘူး။ အခုအသာစီးရပြီလို့ ပြောနိုင်တာက တစ်ခြားပါတီတွေက မဲအရေအတွက် တစ်ဝက်လောက်ကို မျှပြီးယူနေကြတာ။ ဒါကြောင့် တစ်ခြားပါတီတွေနဲ့ ယှဉ်လိုက်လို့ရှိရင် အပြတ်အသတ်ကွာနေတာပေါ့” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မဲအရေအတွက်စာရင်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်က တရားဝင် မထုတ်ပြန်သေးသော်လည်း လိုင်းပေါ်၌တက်လာနေသည့် မဲစာရင်းအခြေအနေအရ NLD က အနိုင်ရရှိနေကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၌ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးမြင့်တင်က ဆိုသည်။

“ဂွမြို့နယ်မှာတော့ မဲဆန္ဒနယ်လေးခုစလုံးမှာ NLD ပဲ နိုင်နေတယ်။ ANP က မဲအရေအတွက် တော်တော်ကွာပြီးတော့ကို ရှုံးသွားတာ’’ ဟု ၎င်းက ပြောသည်။

ဂွမြို့နယ်မှ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၃၉)နေရာ၌ မဲရုံစုစုပေါင်း(၁၃၅)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၃၄၈၀)ဦးထိရှိသည်။

ဂွမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) စသည့် ပါတီ(၅)ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ချို့ ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း အဆိုပါမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကသာ အနိုင်ရရှိခဲ့သည်။

ယခုဖော်ပြပါ မဲရလဒ် အခြေအနေများသည် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ထုတ်ပြန်ပြောဆိုခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...