ပြည်နယ်လွှတ်တော်ထဲ ပထမဆုံး အမျိုးသမီး ၂ ဦးမဲအနိုင်ရရှိ

ပြည်နယ်လွှတ်တော်ထဲ ပထမဆုံး အမျိုးသမီး ၂ ဦးမဲအနိုင်ရရှိ

ဦးမြာ — ကယားပြည်နယ် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း တွေထဲက KySDP ကတစ်ဦး နဲ့ USDP က တစ်ဦး စုစုပေါင်း အမျိုးသမီး ကိုယ်စားလှယ် ၂ ဦးက အနိုင်ရရှိနေတာဖြစ်ပါတယ်။

ကယားပြည်နယ် ပြည်နယ်လွှတ်တော်မှာ ပထမဆုံး အမျိုးသမီးကိုယ် စားလှယ်ဖြစ်လာကြတော့မှာဖြစ်ပါတယ်။ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( KySDP ) က ဒေါ်အယ်ဗလင်း၊ ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ဒေါ်ခင်မာဝင်းတို့ပဲ ဖြစ်ပါတယ်။

ဒေါ်အယ်ဗလင်းက အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ယောက်အနဲ့ ပြည်နယ်အခွင့်အရေး ၊ အမျိုးသမီးအခွင့်အရေးတွေကို လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“ အမျိုးသမီးကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်နယ်ရဲ့အခွင့်အရေးကို လွှတ်တော်ထဲမှာ မြန်မြန်ဆန်ဆန်လေးကို တင်သွင်းနိုင်မယ်။ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ၂၀၁၅ ကထက်အများကြီး တရားဝင်လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်တယ်။ ” လို့ ဒေါ်အယ်ဗလင်းက ပြောပါတယ်။

ကယားပြည်နယ် လွှတ်တော်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်သီးပုဂ္ဂလနဲ့ အမျိုးသမီးကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အထဲမှာမှ ၂ ဦးသာ အနိုင်ရရှိသွားတာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲက ပြည်နယ်လွှတ်တော်ထဲ အမျိုးသမီးဝင်ရောက် နိုင်ခဲ့ခြင်းမရှိပါဘူး။

ကယားပြည်နယ်တစ်ခုလုံးရဲ့ လွှတ်တော် အသီးအသီးမှာတော့ အမျိုးသမီးကိုယ်စားလှယ်ကိုယ်စားလှယ်လောင်း ၆ ယောက်အနိုင်ရရှိထားပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...