ကျောက်ဖြူမြို့နယ်တွင် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

ကျောက်ဖြူမြို့နယ်တွင် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်

အောင်ထိန် ၊ ခိုင်မင်း  —  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက ဇိုင်ချောင်းကျေးရွာကို တပ်မတော်က ဝင်ရောက်စစ်ဆေးနေမှုကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နိုဝင်ဘာ ၂ ရက်နေ့မှစတင်ကာ ဇိုင်ချောင်းကျေးရွာအတွင်းကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သဖြင့် ကျေးရွာသား ၇၀၀ ကျော်မှာ ကျောက်ဖြူမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာ များသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

ဇိုင်ချောင်းကျေးရွာတွင် တပ်မတော်မှပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်ကာ ကျောက်ဖြူဆေးရုံ၌ ဆေးကုသမှုခံယူခဲ့ရကြောင်းလည်း ဒေသခံများကပြောသည်။

ဇိုင်ချောင်းကျေးရွာမှ ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးလာသည့် ဒေါ်ဖြူဒေါင်းမ “စစ်သားတွေရောက်လာတယ် ဆိုတော့ တစ်ရွာလုံးမှာတွေ့တဲ့လူတွေကို အကုန်လိုက်ဖမ်းနေတယ်၊ မိန်းမတွေ့ရင်လည်း ဖမ်းတယ်၊ ယောင်္ကျား တွေ့ရင်လည်းဖမ်းတဲ့အတွက် ကြောက်ပြီးတော့ရွာထဲမဝင်ရဲတော့ဘူး၊ စပါးရိတ်နေတဲ့နေရာကနေ သူများ တွေနဲ့အတူပြေးလာရတယ်”  ဟု ဆိုသည်။

လက်ရှိမှာ ဇိုင်ချောင်းကျေးရွာမှ ရွာသားအချို့မှာ ထွက်ပြေးခွင့်မရဘဲ ကျေးရွာအတွင်း ဖမ်းဆီးထိန်းသိမ်းခံထား ရကြောင်း ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။

“ရွာမှာတော့ ဆွေမျိုးတွေကိုဖမ်းဆီးချုပ်နှောင်ခံထားရတယ်၊ ရွာမှာရှိတဲ့သူတွေထဲက တစ်ဝက်လောက်က ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်။ ကုလာဘာကျေးရွာကို ပြေးတဲ့သူကပြေးတယ်၊ မြို့ပေါ်ကိုပြေးလာတဲ့သူက ပြေးလာတယ်၊ ရွာမှာသုံးချိုးတစ်ချိုးလောက်က ဖမ်းဆီးထိန်းသိမ်းခံထားရတယ်၊ အခုအချိန်ထိရှိသေးတယ်၊ သတင်းမေးဖို့ကလည်း အဆက်အသွယ်မရဘူးဖြစ်နေတယ်” ဟု ဇိုင်ချောင်းကျေးရွာမှထွက်ပြေးလာသည့် မရွှေနုက ပြောသည်။

ဇိုင်ချောင်းကျေးရွာအတွင်းအခြေအနေအားသိရှိနိုင်ရန် ကျေးရွာအတွင်းပိတ်မိနေသူများအား DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ်မရရှိခဲ့ပေ။

တပ်မတော်အနေနဲ့ လိုအပ်ချက်အရ ကျေးရွာအတွင်းစစ်ဆေးပေမည်ဆိုပါက ပြည်သူများကို အထိတ်တလန့် ဖြစ်စေနိုင်သောလုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်း ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ နိုဝင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို မပြုလုပ်ဘဲ လူသားတိုင်း/နိုင်ငံသားတိုင်း ရသင့်သည့်အခွင့်အရေးများကို အပြည့်အဝလိုက်နာရန်လို့ကြောင်းလည်း ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း အဖွဲ့ဝင် ကိုထွန်းကြည်က ဆိုသည်။

“ကျောက်ဖြူမြို့နယ်အတွင်းမှာ ဒီတစ်ရက်နှစ်ရက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိနေတယ်။ တပ်မတော်ရဲ့လုပ်ရပ်တွေက လူ့အခွင့်အရေးစံချိန်စံညွှန်းတွေကို အများကြီးကျော်လွန်နေတယ်။ ထိန်းထိန်း သိမ်းသိမ်း ဥပဒေအတိုင်းဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဇိုင်းချောင်းကျေးရွာအတွင်း တပ်မတော်မှဝင်ရောက်စစ်ဆေးနေမှုနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...