မဲပုံးပြတ်တောက်မှုထပ်မဖြစ်ပွားစေဖို့ လုံခြုံရေးတွေချထားဟုဆို

မဲပုံးပြတ်တောက်မှုထပ်မဖြစ်ပွားစေဖို့ လုံခြုံရေးတွေချထားဟုဆို

ကယားပြည်နယ် မယ်စဲမြို့နယ်မှာ ကြိုတင်မဲပုံးက ပြီးခဲ့တဲ့တစ်ပတ်က အလိုအလျှောက်ပြတ်တောက်မှု ဖြစ်ပွားပြီနောက် အခုဆိုရင် လုံခြုံအောင် တာဝန်ကျရဲတွေနဲ့ လုံခြုံရေးယူထားတယ်လို့ မယ်စဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဝင်းကျော်မြင့်ဦးက ပြောပါတယ်။

″ လုံခြုံရေးကြိုးက အဖုံးဖွင့်လို့၊ ဟလို့မလွယ်ကူအောင်ဆိုပြီး ကျနော်တို့တင်းတင်းကြပ်ကြပ်ဆွဲလိုက်တဲ့အချိန်မှာ သူက ကျနော်တို့တင်းတင်းကြပ်ကြပ်ဆွဲလိုက်တဲ့အချိန်မှာ တစ်ခုခုနဲ့ တိုက်မိတာတို့ဖြစ်သွားလို့ ပြတ်သွားတယ်။ ပြတ်သွားတော့ မြို့နယ်အတွင်းမှာရှိတဲ့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေခေါ်ပြီးတော့၊ သူပြတ်တဲ့အချိန်မှာ မဲပုံးထဲမှာ ဘာမှမရှိသေးဘူးနော။ ကြိုတင်မဲတွေ မရောက်သေးဘူး။ အဲ့တော့ မြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကိုခေါ်ပြီး အသစ်ပြန်တပ်တယ်ပေါ့နော၊ လုံခြုံရေးကြိုးတွေကို အသစ်ပြန်တပ်လိုက်တယ်။ ″ လို့ ဦးဝင်းကျော်မြင့်ဦးက ပြောပါတယ်။

ကြိုတင်မဲပုံးလုံခြုံရေးကြိုးပြတ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြတ်သွားလိုက် ပြန်အစားထိုးလိုက် မလုပ်ဘဲ ခိုင်လုံတဲ့အကြောင်းပြချက်ရှိဖို့ ပိုအရေးကြီးတဲ့အကြောင်း law home ဥပဒေအကြံပေး ကိုကျော်ဝဏ္ဍအောင်က ပြောပါတယ်။

″ ဒါက အစားထိုးလို့ရတာမရတာထက် အားနည်းချက်တော့ရှိမယ် ဘယ်ဟာမှစင်းလုံးချောတော့မရှိဘူး။ ပြတ်သွားရင်တော့ ပြန်အစားထိုးလို့ ရနိုင်တယ် ဒါပေမယ့် ခုဏကပြောသလို စည်းမဲ့ကမ်းမဲ့ အစားထိုးလို့ရတာမျိုးတော့ မဟုတ်ဘူးပေါ့နော။ အဲ့လိုဆိုရင်တော့ ပြတ်သွားလိုက် ပြန်အစားထိုးလိုက်၊ ပြတ်သွားလိုက် ပြန်အစားထိုးလိုက်ဆိုတော့ ဒီပြတ်သွားတာက ဘာကြောင့်ပြတ်သွားတာလဲ ဆိုတဲ့မေးခွန်းလေး ရှိတယ်ပေါ့နော။ ဆိုတော့ ဖြတ်လိုက်တာလား၊ ဘာကြောင့် ပြတ်သွားရတာလဲ ဆိုတဲ့မေးခွန်းရှိတယ်ပေါ့။ အဲ့ဒါက ပိုအရေးကြီးပါတယ် ခုဏက ပြတ်သွားတာနဲ့ ပြန်အစားထိုးတာနဲ့ပေါ့။ ဘာကြောင့်ပြတ်သွားသလဲဆိုတဲ့ဟာ ပိုအရေးကြီးပါတယ်။ တစ်စုံတစ်ယောက်က ဖြတ်လား၊ ဒါဆိုရင်တော့ ဖောင်းပြီပေါ့နော။ ″ လို့ ကျော်ဝဏ္ဍအောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကယားပြည်နယ်မယ်စဲမြို့နယ်မှာ ဖြစ်သွားတဲ့ကြိုတင်မဲပုံးကြိုးပြတ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီကြိုတင်မဲပုံးထဲမှာ ကြိုတင်မဲတွေ မရှိနေသေးတော့ သိပ်ပြီးစိုးရိမ်စရာမလိုသေးပါဘူးလို့ဆိုကြပါတယ်။

နောက်ပြီး ကြိုးပြတ်တဲ့အချိန်မှာပဲ မြို့နယ်မှာရှိတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို ခေါ်ယူပြီး အားလုံးရှေ့မှောက်မှာ ပုံးကိုလှန်ပြ၊ ဖွင့်ပြခြင်းတွေကို လုပ်ပြခဲ့တယ်လို့ မယ်စဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဝင်းကျော်မြင့်ဦးက ပြောခဲ့ပါတယ်။

ကယားပြည်နယ်မှာ ကြိုတင်မဲပုံးကြိုးပြတ်တဲ့ အဖြစ်အပျက်က မယ်စဲမြို့နယ်မှာတစ်ခုတည်း ဖြစ်ပျက်ခဲ့တာမဟုတ်ဘဲ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့မှာလည်း ကြိုတင်မဲပုံးကြိုးပြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လုံခြုံရေးအပိုင်းနဲ့ ပတ်သက်လို့ မယ်စဲမြို့နယ်ကော်မရှင်အဖွ့ဲခွဲတွေအနေနဲ့ စီစဉ်ဆောင်ရွက်ထားမှုကို မယ်စဲကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌက ပြောပါတယ်။

″ လုံခြုံရေးအပိုင်းမှာ ပါတီစုံကိုယ်စားလှယ်တွေခေါ်ပြီးတော့ ချိတ်ပိတ်ခဲ့တယ်။ ချိတ်ပိတ်ပြီးတော့ ဒီရုံးမှာပဲ ထားဖို့စီစဉ်ထားတယ် ဒီကြိုတင်မဲတွေကိုပေါ့၊ ရဲကနေပြီး အလှည့်ကျစောင့်ကြည့်ဖို့ အခုဆိုရင်လည်း ရဲအဖွဲ့ဝင်တစ်ယောက် အဆင်သင့်စောင့်နေတယ်။ သူ့ကျူတီနဲ့သူပေါ့၊ ဘယ်နှနာရီကနေ ဘယ်နှနာရီအထိ ဘယ်ရဲကစောင့်ကြည့်မယ်ဆိုတာ အဆောင်ကတော့ ဒီဘက်မှာ။ လုံခြုံရေးအဖွဲ့က ဒီမှာအိပ်မယ်ပြီးတော့ အလှည့်ကျစောင့်မယ်ပေါ့။ ″ လို့ မယ်စဲကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွ့ဲခွဲ ဥက္ကဌ စောဘွဲဒိုက ပြောပါတယ်။

မယ်စဲမြို့နယ်မှာ အသက် ၆၀နဲ့အထက် မဲပေးနိုင်သူလူဦးရေက ၄၀၇ ဦးရှိပြီး ပထမနေ့မှာ ကြိုတင်မဲပေးတဲ့ လူဦးရေက ၂၀၂ဦး ရှိတယ်လို့ သိရပါတယ်။

မယ်စဲမြို့နယ်မှာ မဲပေးနိုင်တဲ့ လူဦးရေ ၅၂၇၅ ဦး ရှိပြီး မဲဆန္ဒနယ် ၁ မှာ ၂၇၅၃ ဦး၊ မဲဆန္ဒနယ် ၂ မှာ ၂၅၂၂ ဦးရှိတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...